〽️တစ်ချို့စီးပွားရေးလုပ်ငန်းတွေမှာ အဆင်မပြေမှုဆိုတာ အနည်းနဲ့အများ ကြုံတွေ့နေရတဲ့အရာပါ။ထိုအဆင်မပြေမှုတွေကြုံလာတဲ့အခါ တစ်ချို့စီးပွားရေးလုပ်ငန်းရှင်တွေဟာ ပြဿနာရဲ့အဖြေကို ဥုံဖွဆိုပြီး အသည်းအသန်ရှာတတ်ကြပါတယ်။ဒါပေမယ့်ပြသနာရဲ့အဖြေကိုသေချာမသိတဲ့အတွက် ဒီပြဿနာဟာဘာဖြစ်မလဲဘာဖြစ်မလဲ နဲ့အချိန်တွေအများကြီးကုန်ပြီးကြာနေတတ်ပါတယ်။
〽️တကယ့် Business မှာ ဒီလိုဥုံဖွဆိုပြီး ချက်ချင်းဖြေရှင်းလို့ရတာမျိုးဆိုတာလုံးဝမရှိဘူးလို့သတ်မှတ်လို့ရပါတယ်။ဘာလို့လဲဆိုတော့ ကိုယ့်စီးပွာရေးလုပ်ငန်းမှာ ကြုံတွေ့နေရတဲ့အဆင်မပြေမှုပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာပြောင်းရပြင်ရမဲ့အရာမျိုးတွေအများကြီးရှိနေတတ်တဲ့အတွက်အချိန်ကာလတစ်ခုအထိကြာတတ်တဲ့အတွက်ကြောင့်ပါ။
〽️ဒါဆိုကျွန်တော်တို့အတူတူစီးပွားရေးလုပ်ငန်းတစ်ခုမှာဖြစ်တတ်တဲ့ပြသနာလေးတွေကိုအပိုင်းလေးတွေခွဲကြည့်ပြီး စစ်ဆေးကြည့်ရအောင်….
❇️ပထမကတော့ Product အပိုင်းလေးပေါ့ ကျွန်တော်တို့ရဲ့ product တစ်ခုဟာ အရည်အသွေးကောင်းမွန်မှု၊အသုံးတည့်တဲ့ အသွင်အပြင်များပါရှိမှု၊ထုတ်ပိုးမှုပုံစံကောင်းမွန်မှုဆိုတဲ့အချက်တွေကိုအခြေခံပြီး ရောင်းအားကွာသွားတတ်တာမို့ ပထမဦးဆုံးစစ်ဆေးသင့်တဲ့အပိုင်းကတော့ Product အပိုင်းပါ
❇️ဒုတိယကတော့ Marketing အပိုင်းပါ ထိုအပိုင်းမှာအဓိကအရေးကြီးဆုံးက Customer တွေရဲ့ Needs (လိုအပ်ချက်) နှင့် Wants (လိုချင်တဲ့အရာ) တွေကိုသိအောင်အရင်လေ့လာဖို့လိုပါမယ်။ဒါကိုပုံဖော်ဖို့အတွက်ကတော့ ဈေးကွက်ကိုပိုင်းခြားခြင်း၊Customerကိုပစ်မှတ်ထားခြင်း၊မိမိကုန်ပစ္စည်းကိုအဆင့်သတ်မှတ်ချက်တွေပြုလုပ်မှသာCustomer တွေဆီက Value တစ်ခုပြန်ရလာမှာဖြစ်တဲ့အတွက် ထိုအပိုင်းဟာလည်းစစ်ဆေးဖို့အရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်ပါတယ်
❇️တတိယကတော့ Sale အပိုင်းပါ။ Customer တစ်ယောက်ဟာသူသုံးစွဲ လိုက်တဲ့ကုန်ကျစရိတ်နဲ့ကိုက်ညီတဲ့ ကုန်ပစ္စည်းကိုလိုချင်ကြပါတယ်။ကျွန်တော်တို့အပါအဝင်ပေါ့။ဒါကြောင့် Sale Plan တစ်ခုချမှတ်မယ်ဆိုရင် Customer တွေတွက် ပထမဦးဆုံးထည့်စဉ်းစားသင့်တဲ့အရာကတော့ Product တစ်ခုဟာ Price To Performance ဖြစ်ဖို့အရေးကြီးဆုံးဖြစ်တဲ့အတွက် ထိုအပိုင်းကိုလည်း စစ်ဆေးရပါမယ်
❇️နောက်ဆုံးအပိုင်းကတော့ Customer Service အပိုင်းပါ။ Customer Service နဲ့ပက်သတ်ပြီး အရေးကြီးတဲ့အရာတွေဟာ➖

Patience (စိတ်ရှည်မှု)
Attentiveness (အာရုံစူးစိုက်မှု)
Communication (ပြောဆိုဆက်ဆံနိုင်စွမ်းရည်)
Knowledge of the product (ကုန်ပစ္စည်းအကြောင်း)
Ability to use positive language (စကားလုံး အသုံးအနှုန်း)
Time management (အချိန်စီမံခန့်ခွဲမှု)7. Be Optimistic (အကောင်းမြင်စိတ်)
စတဲ့အချက်တွေကိုသိရှိနားလည်ဖို့ကအရေးကြီးဆုံးအပိုင်းဖြစ်တဲ့အတဲ့ ကိုယ့်စီးပွားရေးလုပ်ငန်းတစ်ခုမှာထိုအချက်တွေရှိမရှိစစ်ဆေးရမယ့်အပိုင်းပါ။
〽️အဲ့ဒီအတွက် ဥုံဖွဆိုတဲ့ အဖြေကိုချက်ချင်းရှာဖွေဖို့ ကြိုးစားမဲ့အစား ကျွန်တော်နဲ့အတူတူ ဆွေးနွေးခဲ့တဲ့အပိုင်းလေးတွေကိုအရင်ဆုံးရှာဖွေကြိုးစားကြည့်ဖို့အကြုံပြုပါရစေ။ထိုမှသာ ကိုယ့်စီးပွားရေးမှာအမှန်တကယ်လိုအပ်ပြီး ပြောင်းရမဲ့အရာတွေကို အမှန်တကယ်ပြုပြင်သွားရင်း အဖြေကိုရှာဖွေဖော်ထုတ်နိုင်ကြပါစေ။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *