လုပ်ငန်းမှာ ကြုံရတဲ့ အခက်အခဲမှန်သမျှ ကိုယ့်လုပ်ငန်းလို သဘောထားပြီး စေတနာ အပြည့်နဲ့ အကြံပေး ထောက်ပြပေးစခဲ့တဲ့ Advisor Team Lead “Senior Marketing Advisor – မဆုငယ်”

မဆုငယ် ရဲ့ Advisor ခရီးတစ်လျှောက်

ဘယ်လို လုပ်ငန်းတွေကို အကြံပေးဖြစ်ခဲ့လဲ ❓

ဘယ်လို ရလဒ်တွေ ရရှိခဲ့လဲ ❓

ဆရာမ ဆုငယ် အကြံပေးဖြစ်ခဲ့တဲ့ လုပ်ငန်းတွေနဲ့

တစ်ချို့လုပ်ငန်းတွေအတွက် အကြံပေးခဲ့ပုံတွေကို ပြောပြ ပေးထားပါတယ် 💯💯

‼️လုပ်ငန်းတစ်ခုကို အကြံပေးတော့မယ်ဆိုရင်

သာမန် General ဆန်တဲ့ အကြံတွေ မဟုတ်ဘဲ

လုပ်ငန်းရဲ့ လက်ရှိ ကြုံနေရတဲ့ ပြဿနာ

လိုချင်တဲ့ target .. ဒါတွေကို သေချာ ခေါင်းချင်းဆိုင် အဖြေရှာပြီးမှ အသေးစိတ် ဆွေးနွေး အကြံပေးဖြစ်တာပါ

==================================================================================================================

ဘယ်လိုလုပ်ငန်းအတွက် .. ဘယ်လို အကြံတွေပေးဖြစ်ခဲ့လဲ ❓

💠“ပန်းယမုံ ပိုးထည်ချည်ထည် လက်လီလက်ကား လုပ်ငန်း” မှာ ဆိုရင်

🔺Live Viewer 200 ဝန်းကျင်ကနေ 30 , 40 Viewer ထိ ကျသွားလို့ စိတ်ညစ်နေတဲ့ လုပ်ငန်းရှင် အမအတွက်
ဆရာမ ဆုငယ် ဖြေရှင်း အကြံပေးလိုက်တာက –

“အရင်ဆုံး အမနဲ့စကားပြောကြည့်တဲ့အခါမှာ စိတ်ဓာတ်ကျနေတာလေးကို စတွေ့ရတော့ အရင်ဆုံးအားပေးရတယ်..
ပထမဆုံး အပတ်မှာ သိပ်အဆင်မပြေခဲ့ဘူး.
Live လည်း ပြန်စမ်းလွှင့်ခိုင်းတယ်…
Page က Error လည်း မဟုတ်ဘူး
VPN ကြောင့် လိုင်းကျတဲ့ Error လည်း မဟုတ်တာကို တွေ့ရတော့ အဓိက လုပ်ငန်းရှင် အမရဲ့စိတ်ကိုရှင်းပါတယ်.

စိတ်ဓာတ်ကျတဲ့နောက် Live မှာ စကားပြောတာပါ သိပ်အဆင်မပြေလာတော့ အလှပြင်ဖို့ပြောတယ်
နောက်က Decoration တွေကို ပြင်ခိုင်းတယ်
မီးအလင်းအမှောင်ကအစပြင်ခိုင်းတယ်
အမကလည်း အကုန်လိုက်လုပ်တယ်
သူ့အတွက်အလှပြင်ဖို့ကို Beauty salon ထိပါ သွားလုပ်ခဲ့တယ်

နောက် 2nd session ရောက်တော့
Viewer 60 လောက်ပြန်တက်လာတယ်..
ဆက်ပြီး အကြံပေးဖြစ်တာက Offer လေးတွေကအစ ဘယ်လို လုပ်ပါဆိုပြီး အသေးစိတ် လိုက်ပြောပြခဲ့တယ်

3rd session ပြန်ရောက်တဲ့အချိန်မှာ
အမရဲ့ live က ပြန်ပြီး ၁၀၀ ကျော် ဖြစ်လာတယ် ရောင်းကောင်းလာတယ် ဘယ်လောက်တောင်ရောင်းကောင်းခဲ့လဲဆိုရင်
နောက်ဆုံး Session တောင် ပြောခွင့်မရဘဲ စာနဲ့ အကြံပေးရတဲ့အထိကို လက်မလည်အောင်ရောင်းခဲ့ရတယ်

အဲဒါနဲ့မပြီးသေးဘူး
၁ နှစ်လောက်ကြာတော့ အမနဲ့ ဖုန်းပြောတဲ့အချိန်မှာ သူ့ရဲ့ Viewer က 400 ,500, 1000 ကျော်တဲ့အထိကိုဖြစ်ပြီး အမြဲရောင်းကောင်းနေတာလေးပါ ထပ်သိလိုက်ရပါတယ် “ 🤩🤩

===========================================================================================

💠D Star Car Accessories

ဒီလုပ်ငန်းအတွက် လုပ်ငန်းရှင် အကိုက

🔺လက်ရှိရောင်းအားကိုတက်ချင်တယ်
လာမေးပြီး မဝယ်ဖြစ်ကြဘူး

ဒီ့အတွက် အကြံပေး ဖြစ်တာကတော့
အကိုနဲ့ အရင်ဆုံးစကားပြောကြည့်ပါတယ် ..

“အကို့မှာ ဘာအားသာချက်ရှိလဲ လိုက်ရှာတော့ သတိထားလိုက်ရတာလေးက
အကို့မှာ သူနဲ့ စကားပြောရင် ဝယ်သူတွေက ကြိုက်တယ် သဘောကျတယ် Feedback ကောင်းတာလေး ဆိုတာကို သတိထားမိသွားတယ်..
ပုံမှန် တစ်လကို ၇၀ ဒေါ်လာလောက် Boost သုံးတယ် ရောင်းအား သိန်း ၄၀ လောက်ရတယ် ဆိုတော့
ဝယ်ပြီးသားသူတွေကို အရင်ဆုံး စကားလိုက်ပြောခိုင်းတယ် ပစ္စည်းသုံးရတာအဆင်ပြေလား?
ဘယ်လိုနေလဲ? ဆိုတာလေး လိုက်မေးခိုင်းတယ်
လုပ်ငန်းရှင် အကိုကလည်း အကုန်လိုက်လုပ်တယ်
Feedback လေးတွေပြန်ရလာတယ်
အဓိက ဒီအကိုရဲ့ပြသနာကလည်း မေးပြီး ဝယ်ဖို့မှာ တစ်သွားတဲ့အတွက် ရလာတဲ့ Feedback တွေကို Page မှာ ပုံမှန် ၁ရက်ခြားတင်ခိုင်းလိုက်တယ်
အဓိက ဝယ်ဖို့ကို မယုံရဲတဲ့ Customer တွေအနေနဲ့ ယုံကြည်မှုရသွားတယ် ဝယ်ဖြစ်သွားတယ်.
အဲ့လိုနဲ့ Advisor ယူတဲ့လအတွင်းမှာပဲ Boost မလုပ်ဘဲ အရင်လရဲ့ရောင်းအားကို မီအောင် ရောင်းလိုက်နိုင်ပါတယ်”..

==============================================================================================

💠Harmony Shop1
🔺လုပ်ငန်းရှင် အမ ကြုံရတဲ့ အဓိက အခက်အခဲက
“ဆိုင်မှာ ပစ္စည်းတော်တော်စုံစုံလင်လင်ရပေမယ့်
၁နှစ်ကျော် လုံးလုံး Boost မလုပ်ရင် မရောင်းရဘူး”

ဒီလုပ်ငန်းအတွက်
ဆရာမ ဆုငယ် အဖြေရှာ အကြံပေးတဲ့အခါမှာ

“လက်ရှိတော့ Instock တွေအများကြီးကျန်ပြီး မရောင်းရဖြစ်နေတော့ instock လေးတွေကို video ရိုက်ဖို့
– Sold Out ဖြစ်သွားတဲ့ ပိုစ့်လေးတွေတင်ပေးဖို့..
– Demostration Video လေးတွေ ပြပေးဖို့ အတွက်
အကြံစပေးခဲ့တယ်

အမကလည်း လိုက်လုပ်ဖြစ်တော့
ရောင်းအားလေး နည်းနည်းလေး စပြီး ပြန်တက်လာခဲ့ပါတယ်

-နောက်ထပ် Instock ကို ရတဲ့ item အားလုံးထုတ်ထားတဲ့ post မျိုး
-Category အလိုက်ခွဲတဲ့ instock item post လေးတွေလဲ ထုတ်ဖို့ အကြံပေးခဲ့ပါတယ်…

🔺လုပ်ငန်းရှင် အမရဲ့ နောက် Problem လေးတစ်ခုက ဝန်ထမ်းတွေကို အိမ်ကနေ ဖြေခိုင်းတဲ့အခါ နည်းနည်းလေး အဆင်မပြေတာလေးရှိတယ်လို့သိရတဲ့အတွက်
ပုံမှန် Report လေး တင်ခိုင်းဖို့အတွက်ပါ အကြံပေးဖြစ်ခဲ့ပါတယ်…

Inbox ထဲမှာလဲ label လေးတွေ တပ်ဖို့ စတဲ့ နည်းပညာပိုင်းတွေကိုပါ video လေး ပြပေးပြီး အတူတူ ကြိုးစားခဲ့ကြတယ်

နောက်တော့ instock ပစ္စည်း ၁၀၀၀ လောက် ကျန်နေတာ အခုလဲ ၁၀၀ လောက်ပဲ ရောင်းရသေးတယ်ဆိုတော့
အဲ့ဒီအတွက် Boost Budget က 10$ ဆိုတော့ Boost နည်းနည်းထပ်တိုးလုပ်ဖို့လေး အကြံလေး ပေးခဲ့ပါတယ်

Trend အရ ပစ္စည်းဆိုတော့ အခု ခဏရပ်သွားတဲ့အချိန်မှာ ခဏစောင့်တာနဲ့ ငွေပေါ်အောင်လေး လုပ်တာပဲလုပ်ဖို့ ပြောထားပါတယ်…

ရောင်းရတဲ့ပစ္စည်ပေါ်မူတည်ပြီး
-လူလတ်ပိုင်း Target
– luxury target
– ပုံမှန် sale Post မှာလဲ (Luxury Target, Family Target ၂ခုလုံးနဲ့ သွားဖို့)
-cb မှာ reply ပြန်ရင် upsell လုပ်ဖို့လေး အထိပါ အသေးစိတ် အကြံပေးခဲ့ပါတယ်..

ဒီလိုနဲ့ ရောင်းအားက
တစ်ရက်ကို ၁၀ သိန်းဝန်းကျင် ပြန်ဖြစ်လာတော့ လက္ကားပါ သွားကြည့်ဖို့ အကြံပေးဖြစ်ခဲ့ပါတယ်.

လက်ကားမှာတောင်

-Customer က ၂ မျိုးရှိကြောင်း
-နောက်တစ်ဆင့်အနေနဲ့ Customer စိတ် အဆင့်
3%,7%, 30%, 30%, 30% လေးကိုပါ ရှင်းပြခဲ့ပါတယ် ၊
ပြီးတော့ target ပိုင်းအရလဲ Cold Warm Hot ၃မျိုးလောက် သွားလို့ရတယ်ဆိုတာရယ်
Customer စိတ် အဆင့်နဲ့ စဉ်းစားပြီး detail ကျကျ အကြံပေးဖြစ်ပါတယ်…”

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *