အမြန်ဆုံးရောင်းချနည်း

ကျွန်တော်တို့ လုပ်ငန်းရှင် အများစုကတော့ အမြဲ ကိုယ့်ဝန်ဆောင်မှု ပစ္စည်းတွေကိုရောင်းနေကြတဲ့သူတွေကြီးပါပဲအဲ့လို ရောင်းတဲ့ အခါ အမြန်ရောင်းချချင်ရင်သုံးရမယ့် နည်းလမ်းလေး ၂ ခုဝေမျှပေးချင်ပါတယ်

ပထမ တနည်းက ရေဒီယို Frequency ချိန်ရပါမယ်ဆရာက လည်းအမြန်ရောင်းပါဆို ရေဒီယို လိုင်းဖမ်းခိုင်းနေတယ်မထင်ပါနဲ့ဦး… ဒီလိုပါကျွန်တော်တို့ ပစ္စည်း ကို Customer တစ်ယောက်မဝယ်ခင်ခေါင်းထဲမှာ ရေဒီယို လှိုင်းတွေအများကြီးရှိပါတယ်- ဒီပစ္စည်းက တန်ရဲ့လား- ငါနဲ့ လိုက်ပါ့မလား- ဝယ်ပြီးမှ အသုံးမလိုရင်ဘယ်လို လုပ်မလဲစတဲ့ လှိုင်းတွေအများကြီးရှိပါတယ်ကိုယ်က သူတို့ စဥ်းစားနေတဲ့ လှိုင်းကိုမိအောင် လိုက်ပြီးတော့ Frequency ချိန်တတ်ရပါတယ်သူက စိတ်ထဲ မှာ “ငါနဲ့လိုက့်ပါ့မလား” ဆိုတဲ့လှိုင်းကိုတွေးနေတယ်ဆိုရင်ကိုယ်ရောင်းချင်တဲ့ ပစ္စည်းကို “ဈေးသက်သာတယ်နော်” “Discount ရှိပါတယ်”ဆိုပြီး အတင်းထိုးရောင်းလို့မရပါဘူးသူလိုချင်တာ Discount မဟုတ်တဲ့ အတွက်သူမယူပါဘူးအဲ့ဒီအစား သူနဲ့လိုက်မယ့် ပစ္စည်းကိုပြပေးပြီး”ညီမ အသားအရေကတော့ ဒါနဲ့လိုက်တယ်နော်စမ်းသုံးကြည့်ပါဦး” လို့ကိုယ်က သူစိတ်ထဲမှာတွေးနေတဲ့လှိုင်းကို လိုက်ညှိနိုင်ရင် ကျန်တာပြောစရာမလိုပါဘူးအမြန်ရောင်းရနိုင်ပါတယ်သူ ဒီပစ္စည်းအပေါ် မှာစိတ်ဝင်စားမှု Level ကိုလိုက်ညှိနိုင်လေ အမြန်ရောင်းထွက်ဖို့ နီးစပ်လေပါပဲသူ့စိတ်ထဲမှာ ဒီပစ္စည်းကို ၁ ကနေ ၁၀ အတွင်းအဆင့် ၂ လောက်ထိစိတ်ဝင်စားတယ်ဆို ၂ လောက်ထိရောက်အောင်လိုက်ညှိပါ, သူစိတ်ဝင်စားမှုအဆင့် ၇ လောက်ထိရှိတယ်ဆိုရင်ကိုယ်လည်း ၇ လောက်ထိအားစိုက်ရောင်းပါ…ဒီလို လိုက်ချိန်ညှိတတ်ဖို့ ဆိုတာအတွေ့အကြုံပေါ်မှာလည်းမူတည်ပါလိမ့်မယ်ဒါကြောင့်အမြန်ရောင်းချင်ရင် ပထမ တစ်နည်းက Frequency မိအောင်လို့ လိုက်ချိန်ကြည့်ပါဒါတောင်မဝယ်သေးဘူး ဈေးများတယ် နောက်မှဝယ်ဖြစ်မယ်ဆိုပြီးတင်းခံနေသေးရင် နောက်တစ်နည်းရှိပါသေးတယ်

သူ့ကို ဒီပစ္စည်းမဝယ်ဖြစ်ရင် ဖြစ်လာမယ့် အခြေအနေနဲ့ဝယ်ဖြစ်သွားရင် ဖြစ်လာမယ့် အခြေအနေကို သူ့စိတ်ထဲဘွားကနဲ ပေါ်အောင် ပြောကြည့်ကြည့်ပါ..ခုနကလို သူနဲ့လိုက်မယ့် အလှကုန်လေးတွေ့သွားပြီဆိုရင်သူဒါလေးကို မဝယ်ဖြစ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ ပြောကြည့်ပါ” ညီမဒါလေးဈေးများလို့မယူ ဖြစ်ပဲ ပုံမှန်သုံးနေကျလေးတွေဆက်သုံးနေမယ်ဆို ကိုယ့်ရဲ့သစ်လွင်နေတဲ့ အလှသစ်လေးကိုဘယ်ပြလို့ရတော့မလဲနော်”နောက်သူဝယ်ဖြစ်ရင် ဘယ်လိုအနေအထားဆိုတာလည်းရှင်းပြတတ်ရပါမယ်” ဒီပစ္စည်းလေးဝယ်သုံးလိုက်တော့ ကိုယ့်ရဲ့မတူတဲ့ အလှသစ်လေးတွေကို လူတိုင်းငေးနေရတော့မှာပေါ့” ဥပမာလေးတော့နည်းနည်းရှည်သွားမယ်ထင်ပါတယ်ဒါပေမယ့် ပြောချင်တာ သဘောပေါက်မှာပါဒီအနေအထား ၂ ရပ် တနည်းအားဖြင့်Before and after ဆိုတာလေးမဝယ်ခင် နဲ့ ဝယ်ပြီး အခြေအနေကိုပြပေးနိုင်တယ်ဆို သူတို့ ဝယ်ဖို့တွန့်ဆုတ်မနေတော့ပါဘူးဒီနည်းလမ်းလေးက အွန်လိုင်းမှာရော အပြင်မှာပါအမြန်ရောင်းချင်တဲ့ အခါ အသုံးပြုလို့ရပါတယ်ဒီနည်းလမ်း ၂ မျိုးက ကိုယ့်အတွက်အကျိုးရှိသွားတယ်ဆိုဒီ post လေးကို share လုပ်ပေးသွားဖို့ တိုက်တွန်းချင်ပါတယ်အများကြီးအဆင်ပြေသွားမယ်ထင်ပါတယ်…

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *