ခုနောက်ပိုင်း ကျွန်တော့်ကို အမေးများတဲ့ မေးခွန်းတစ်ခုပါ..
ဆရာရယ် ကျွန်မလုပ်ငန်းရဲ့ ပြိုင်ဘက်လုပ်ငန်းက စျေးတွေ အစ်သွားတယ်.. ပြီးတော့ ပရိုမိုးရှင်းတွေ discountတွေပေးပြီး ရောင်းနေတယ်ဆရာ.. ဘယ်လိုလုပ်ရမလဲ??
ဟုတ်ကဲ့.. စိတ်ဓာတ်မကျဖို့ အားပေးချင်ပါတယ်.. ပြိုင်ဘက်က ကိုယ့်စျေးထက် လျှော့ရောင်းပြီး စျေးချတဲ့ဗျူဟာသုံးတယ်ဆိုတာ ရေတိုပဲ ရတယ့်နည်းပါ..
ရေရှည် သူစျေးချနိုင်ဖို့ ဖြစ်နိုင်မလား? ချနိုင်ပြီပဲထားဦး.. ဖောက်သည်တွေက သူ့လုပ်ငန်းကို ၁၂ရာသီ Discount Shop လို့ပဲ မြင်သွားပြီး Discount မရှိရင် လုံးဝရောင်းမရတဲ့ လုပ်ငန်းဖြစ်သွားပါလိမ့်မယ်..
ကိုယ်က ကိုယ့်လုပ်ငန်းကို ရေရှည်ဆက်သွားချင်တာဆိုရင် သူ့လို လိုက်လုပ်စရာမလိုပါဘူး..
ဥပမာ- Aဆိုတဲ့ ပရိဘောဂရောင်းတဲ့ဆိုင်ဖွင့်ထားတယ် ဆိုပါတော့..
B ဆိုတဲ့ ပရိဘောဂဆိုင်က Aဆီကနေ စျေးတွေ အစ်မေးသွားပြီး သူက စျေးချရောင်းသွားတယ်ပေါ့.. ရောင်းတဲ့ပစ္စည်းချင်းလည်း တူတယ်၊ အရည်အသွေးချင်းလည်း တူတယ်.. ဒါပေမဲ့ သူက ကျောသွားတယ်ပေါ့.. ဒါဆို ဘယ်လိုလုပ်မလဲ??
ဒီလို တူညီတဲ့အခြေအနေတွေဆိုရင် CRM လို့ခေါ်တဲ့ Customer Relationship Management ( ဖောက်သည်စီမံခန့်ခွဲမှု) ကို သေချာသုံးဖို့ လိုပါမယ်..
ကိုယ်က ဖောက်သည်ကို-
📌 ပစ္စည်းအိမ်တိုင်ရာရောက် Delivery အခမဲ့ ပို့ပေးတာမျိုး
📌အခုချက်ခြင်းဝယ်ရင် ဘယ်လို ဝန်ဆောင်မှုတွေ ရနိုင်တယ်ဆိုတာမျိုး
📌 အခု မဝယ်ဖြစ်ပေမယ့် နောင်ကျရင် ကိုယ့်ဆိုင်ကိုပဲ လာဝယ်နိုင်အောင် မိတ်ဆွေဖွဲ့ထားတာမျိုး
📌 ဝယ်ပြီးရင်လည်း သုံးစွဲရတာ အဆင်ပြေမပြေ ဂရုတစိုက်နဲ့ ပြန်မေးတာမျိုး စတဲ့ နည်းလမ်းတွေ သုံးနိုင်ပါတယ်
လူတွေက ကုန်ပစ္စည်းကို ဝယ်ချင်တာထက် ကုန်ပစ္စည်းက ရလာတဲ့ စိတ်ခံစားချက်ကို ဝယ်ချင်ကြတာဖြစ်လို့ ဒီနည်းလမ်းတွေ အသုံးချရင် အဆင်ပြေလာပါလိမ့်မယ်..
ဒီထက် ပိုပြီး ဘယ်လိုရောင်းရမလဲ နည်းလမ်းတွေသိချင်ရင်တော့ MOEရဲ့ သင်တန်းတွေထဲက Invisible Marketing (IM)သင်တန်းကို လာ join လိုက်ပါလို့ ဖိတ်ခေါ်ပါတယ်..
ဒီပို့စ်နဲ့ ပက်သက်ပြီး ဆွေးနွေးချင်ရင်လည်းလကွန်မန့်မှာ ဆွေးနွေးနိုင်ပါတယ်..

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *