မားကတ်တင်းမှာ နာမည်ကြီး စကားတစ်ခွန်းရှိပါတယ်..

မားကတ်တင်းမှာ နာမည်ကြီး စကားတစ်ခွန်းရှိပါတယ်..
” လူတွေက ပစ္စည်းတွေ ဝယ်တာမဟုတ်ဘူး၊ ခံစားချက်တွေ ဝယ်နေတာ” ပါဆိုတဲ့ စကားလေးပါ..

ဒီပစ္စည်းကို လိုချင်လွန်းလို့ ဝယ်တာထက် ဒီပစ္စည်းက ရလာမဲ့ ခံစားချက်တွေကို သဘောကျပြီး ဝယ်ကြတာချည်းပါပဲ..

ဒါကြောင့် ရောင်းတဲ့သူတွေဟာ နောက်ပိုင်းမှာ ပစ္စည်းကို ဦးတည်ရောင်းတာထက် အကျိုးရလဒ်ကို ဦးတည်ရောင်းတဲ့ Outcome Selling ကို ဦးစားပေးလာကြပါတယ်..
Outcome Selling အကြောင်း လေ့လာကြည့်ရအောင် 👇

📌 ကိုယ့်ပစ္စည်းကို ဝယ်နိုင်ခြေရှိတဲ့ ဖောက်သည်ကို သေချာသတ်မှတ်ပါ
📌 ဖောက်သည်ရဲ့ လိုအပ်ချက်ကို သေချာနားလည်အောင် လုပ်ပါ
📌 ဖောက်သည်က ကိုယ့်ပစ္စည်းအကြောင်း နားလည်စေဖို့ အရင်ချဉ်းကပ်ပါ..နားမလည်တဲ့ပစ္စည်းကို ဘယ်သူမှ မဝယ်ပါဘူး..
📌 ကိုယ့်ပစ္စည်းရဲ့ အကျိုးရလဒ်တွေကို ဖောက်သည် စိတ်လှုပ်ရှားသွားနိုင်မဲ့ နည်းလမ်းတွေ သုံးပြီး ကြော်ငြာပါ..
📌 ဝယ်သွားတဲ့ ဖောက်သည်ရော၊ မဝယ်ရသေးတဲ့ဖောက်သည်ကိုပါ ဂရုတစိုက် ပြန်မေးပေးပါ..
ဒီအချက်တွေကတော့ Outcome Selling အတွက် အကျိုးရှိတဲ့အချက်လေးတွေပါ..

မိတ်ဆွေတို့ရော ဘယ်အချက်တွေ စသုံးနေပြီလဲ ကွန်မန့်မှာ ဆွေးနွေးပေးပါဦး..

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *