ဈေးကွက်တစ်ခုလုံးကို ပစ်မှတ်ထားမည့်အစား တိကျသောဈေးကွက် အစိတ်အပိုင်းကို ဦးတည်ခြင်း
လူနေမှုပုံစံက လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကို ကွဲပြားခြားနားတဲ့ လက္ခဏာတွေနဲ့ ပိုင်းခြားထားပြီး သူ့ဈေးကွက်နဲ့သူ ရောင်းဝယ်လည်ပတ်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ထုတ်တာဖြစ်ပါတယ်။

နည်းပညာခေတ်ရဲ့ ဆက်သွယ်မှုအားတွေကြောင့် Mass Market ကွယ်ပျောက်တော့မယ်လို့ Website တွေပေါ်မှာ ပြောလာကြပေမယ့် ဒီနေ့အထိတော့ ကွယ်ပျောက်ဖို့မနီးသေးတာကို တွေ့ရပါတယ်။

Mass Media တောင်မှ အားလုံးဆီရောက်ဖို့ တစ်မျိုးတည်းလို TV တွေ၊ ရေဒီယိုတွေသုံးတဲ့ပုံစံကနေ Media အသစ်အဆန်းတွေနဲ့ ပုံစံအမျိုးမျိုးသုံးလာကြတာတွေ တွေ့နေရပါတယ်။ မိမိလိုတာကိုမှ အနီးကပ်ဆွဲပြီး ပုံကြီးချဲ့နိုင်တဲ့ Zoom မီဒီယာနည်းပညာတွေကို သုံးနိုင်တယ်။ Mass Market ပုံစံကနေ စားသုံးသူစိတ်ကြိုက် လိုရာကိုကြည့်လို့ရတဲ့ Spy Satellite လို အသုံးပြုမှုတွေဟာ Market Segmentation ဖြစ်ပေါ်ဖို့နဲ့ ဆက်စပ်နေတယ်လို့ ပြောရမှာပါ။

Mass Media နဲ့ Mass Marketing ကို TV နဲ့ ကျယ်ပြန့်စေခဲ့တာကတော့ US မှာပါ။ ပစ္စည်းတစ်မျိုးကို Mass Marketing လုပ်တဲ့အခါမှာ လူတိုင်းရဲ့ လိုအပ်ချက်တွေ၊ နှစ်သက်မှုတွေ မတူသလို ရည်မှန်းတမ်းတတာတွေလည်း ကွာပါတယ်။ ဈေးကွက်မှာကွဲပြားတဲ့ အစိတ်အပိုင်းတွေရှိသလို ဝယ်လိုအားတွေကလည်း မတူဘူးဆိုတာ သတိပြုမိတဲ့သူတွေ ရှိလာတယ်။ ပထမဦးဆုံးဖြစ်တဲ့ ကားကုမ္ပဏီ General Motors က Market Segmentation သဘောကို အကောင်အထည်ဖော်တဲ့အနေနဲ့ မတူတဲ့ဝယ်လိုအားနဲ့ ခြားနားတဲ့ လိုအပ်ချက်တွေကိုက်ညီမယ့် ကားတွေအမျိုးမျိုးထုတ်လုပ်ရောင်းချတဲ့ အရောင်းဗျူဟာကို စတင်ခဲ့ပါတယ်။

အကြိုက်ချင်းမတူတဲ့ ဝယ်သူတွေရှိတယ်ဆိုတဲ့သဘောကို အခြေခံပြီး Market Segmentation နဲ့ဆက်ပြီး ထုတ်ကုန်ပစ္စည်းတွေကိုပါ ကွဲပြားအောင် ခွဲခြားထုတ်တဲ့ Product Differentiation ကို Mr Wendell Smith က ဆောင်းပါးတစ်ခုမှာ အရောင်းဗျူဟာအနေနဲ့ အဆိုပြုရေးသားထားပါတယ်။ စားသုံးသူတွေအနေနဲ့ လူနေမှုပုံစံ၊ သဘောထား၊ စိတ်ဝင်စားမှု၊ တန်ဖိုးထားမှုနဲ့ ကိုယ်ပိုင်အမြင်တွေ ရှိကြတယ်။

စားသုံးသူဈေးကွက်ကို ကွဲပြားတဲ့အချက်အလက်တွေကို အကြမ်းအားဖြင့် လေးပိုင်းခွဲမြင်နိုင်ပါတယ်။

၁။ Demographics – လူဦးရေဆိုင်ရာ အခြေအနေအရပ်ရပ်ရှုထောင့်ကကြည့်ရင် အသက်အရွယ်၊ ကျား၊ မ၊ အိမ်ထောင်စုအရွယ်အစား၊ ဘဝအပိုင်းအခြား၊ လူမှုရေးအဆင့်၊ ပညာရေး၊ ယင်ငွေ၊ အလုပ်အကိုင်၊ ကိုးကွယ်သည့်ဘာသာ။

၂။ Geography – ပထဝီဒေသ၊ တိုင်းပြည်၊ မြို့ပြ/ကျေးလက်၊ ရာသီဥတု၊ တောင်ပေါ်/မြေပြန့်။

၃။ Psychographics – စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ လူနေမှုပုံစံ၊ တန်ဖိုးထားမှု၊ ထင်မြင်ချက်၊ စိတ်သဘောထား။

၄။ Behaviour – အပြုအမူ-လိုအပ်သော အကျိုးကျေးဇူး၊ အမှတ်တံဆိပ် စွဲစွဲမြဲမြဲသုံးစွဲမှု၊ မည်သူ့အဆုံးအဖြတ်ဖြင့် ဝယ်ယူသည်။

အထက်မှာဖော်ပြခဲ့တဲ့ အခြေခံအစိတ်အပိုင်းတွေကနေ မိမိ၏ ကုန်ပစ္စည်းဝယ်သူတွေရဲ့ အချင်းလက္ခဏာကို သတ်မှတ်နိုင်မယ်ဆိုရင် မိမိဦးတည်ရမယ့် Market Segment ကို အကြမ်းဖျင်းသိရှိပြီး Marketing Strategy ချနိုင်မှာ ဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးကျေးဇူးရှိမယ်ဆိုရင် ဒီ Post ကို Share လုပ်ပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

လေ့လာလိုပါက

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *