ဘာလို့ ဒီလိုမျိုး like တွေလျော့နေရသလဲဆိုတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်ကြရအောင်။

တချို့အကြောင်းအရင်းတွေက သင့်အတွက်အရေးမကြီးဘူးလို့ ထင်ရလောက်ပေမယ့် အောက်ကအချက်တွေထဲမှာ သင့်အတွက် အသုံးဝင်နိုင်မယ့် အကြောင်းအရာ ပါမပါ ဆန်းစစ်ကြည့်ပါဦး။

(1) စိတ်ဝင်စားစရာ အကြောင်းအရာတွေ မတင်တာ။
Social media ဆိုတာ user တွေအတွက် စိတ်ဝင်စားစရာကောင်းပြီး တက်ကြွစေတဲ့ အကြောင်းအရာတွေကို မျှဝေလို့ရအောင် ကူညီပေးတဲ့နေရာပါ။ သင့်ရဲ့ content က မကောင်းရင်တော့ audience ဘက်ကလည်း နောက်အသစ်တစ်ခု တင်တဲ့အထိ ထိုင်စောင့်နေမှာမဟုတ်ပါဘဲ တခြား စိတ်ဝင်စားစရာ post တွေရှိမယ့် page တစ်ခုဘက်ကို စိတ်ပြောင်းသွားနိုင်ပါတယ်။ Page မှာ post တင်ရရင်ပြီးရောဆိုတဲ့စိတ်နဲ့ မတင်ပါနဲ့။ quality မကောင်းတဲ့ content တွေဟာ facebook like တွေလျော့ကျစေပါတယ်။

(2) Page နဲ့ မဆီလျော်တဲ့ content တွေတင်တာ။
တခါတလေမှာ user တွေအတွက် စိတ်ဝင်စားစရာအကြောင်းအရာသတင်းတွေဖြစ်တဲ့ content တွေ ဥပမာ – မကြာခင်ထွက်တော့မယ် နာမည်ကြီး movie အကြောင်း မကြာခင်ကျင်းပမယ့်ပွဲအကြောင်း စသဖြင့်တင်တာဟာ page နဲ့မဆီလျော်ပေမယ့် အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ဒီလို မဆီမဆိုင်အကြောင်းအရာတွေကို ခဏခဏ တင်တဲ့အခါ audience က စိတ်ဝင်စားမှုလျော့သွားတတ်ပါတယ်။ တကမ္ဘာလုံးမှာ ဘာတွေဖြစ်နေသလဲဆိုတာ သိရဖို့ တခြားနည်းလမ်းများစွာရှိတာကြောင့် သင့်ရဲ့ page ကို သတင်းတွေချည်းထိုင်တင်နေတဲ့နေရာမျိုး မဖြစ်ပါစေနဲ့။ သင့်ရဲ့လုပ်ငန်းနဲ့ဆက်စပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာမျိုးတွေ မျှဝေပါ။ ဥပမာ – product/service အသစ်တွေအကြောင်း discount အစီအစဉ်အကြောင်း စသဖြင့်ပေါ့။

(3) Like နဲ့ Follower ဝယ်တာ။
like အတုတွေ ဝယ်တာဟာလည်း engagement ရာခိုင်နှုန်းနဲ့ page ရဲ့ EdgeRank ကို လျော့ကျစေပါတယ်။

(4) လိုရင်းမရောက်တာ။
ဘယ် post ကိုမဆို facebook မှာမတင်ခင် သင်ကိုယ်တိုင် အရင်ဆုံး ပြန်ဖတ်ကြည့်ပြီး audience အနေနဲ့တွေးကြည့်လို့ ဖတ်ရတာ စိတ်ဝင်စားစရာကောင်းရင်တော့ အဆင်ပြေမှာပါ။ ဒါမှမဟုတ်ရင်တော့ post ကို ဖတ်ရလွယ်တဲ့အထိ ပြန်ပြင်သင့်ပါတယ်။ Facebook page မှာ post တင်တယ်ဆိုတာဟာ ကြေငြာနည်းတစ်မျိုးဖြစ်ပြီး ဒီ post ကနေတဆင် Fan တွေရဲ့ အထင်ကြီးမှုကို ရယူနိုင်ပါတယ်။ သင့်ရဲ့ post ဟာ ဆိုလိုရင်းကိုလည်း ထိထိမိမိမရောက် စိတ်ဝင်စားစရာလည်း မကောင်းရင်တော့ လူတွေက စိတ်မဝင်စားတဲ့အပြင် သင်တင်မယ့် နောက် post တွေကိုလည်း ဖတ်ဖို့ စိတ်ပါတော့မှာမဟုတ်ပါဘူး။

(5) တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲတင်တာ။
post တစ်ခုတည်းကိုပဲ ထပ်တလဲလဲပြန်တင်နေရင် audience က ငြီးငွေ့သွားမှာ အသေအချာပါ။ idea အဆန်းအသစ်တွေနဲ့ပဲ သင့်ရဲ့ page ကို update ဖြစ်အောင်ထားတာဟာ audience ကို စိတ်ကျေနပ်စေပြီး engagement နှုန်းလည်း မြင့်လာစေပါတယ်။ ခေါင်းထဲက အကြံသစ်ဉာဏ်သစ်တွေ မထွက်တော့ရင်လည်း စိတ်မပူပါနဲ့..သင့်ရဲ့ fan တွေကို post တွေ ယှဉ်ပြိုင်ပွဲအသေးစားလေးတွေကနေတဆင့် အကြံဉာဏ်တောင်းလို့ရပါတယ်။ ဒီနည်းကြောင့် engagement များများ ရရုံတင်မက အကြံပေးတဲ့ fan တွေကို ချီးကျူးရင်း သူတို့ရဲ့ idea ကို ယူသုံးနိုင်မှာပါ။

သင့်အနေနဲ့ ဒီအချက်ငါးချက်ထဲက တစ်ခုခုကို လုပ်မိနေတယ်ဆိုရင် အခုချက်ခြင်းရပ်လိုက်ပါတော့။ ဂုဏ်သိက္ခာဆိုတာ တစ်ခါဆုံးရှုံးသွားပြီးရင် ပြန်တည်ဆောက်ဖို့ရာ ခက်ခဲပါတယ်။ Fan တွေဖက်ကလည်း သင့်ကို အရည်အသွေးကောင်းတဲ့ content တွေ ဖန်တီးနိုင်မယ်လို့ ပြန်ယုံကြည်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ရေရှည်အဆင်ပြေနိုင်မယ့် နည်းဗျူဟာတစ်ခုကို စဉ်းစားပြီး အမြဲဆန်းသစ်နေအောင် မွန်းမံသင့်ပါတယ်။ ဒါ့အပြင် ဒီလိုအကြောင်းအရာတွေနဲ့ စပ်လျဉ်းလို့ audience တွေနဲ့ အဆက်အသွယ်မပြတ်စေဘဲ အပြန်အလှန် ဆွေးနွေးဆက်ဆံနေသင့်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

ဒီ Post လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *