ဝန်ဆောင်မှု ကောင်းဖြစ်ဖို့ သိသင့်သောအခြေခံ အချက် (4) ချက်

လုပ်ငန်းတစ်ခုမှာ မိမိပစ္စည်း အရည်အသွေးကောင်းဖို့ လိုအပ်သလို ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ Customer is Always Right ဆိုတဲ့ စကားဖြစ်ဖို့ အတွက် မိမိတို့ဘက်နေ အကောင်းဆုံး ဝန်ဆောင်မှု တွေ ပေးဖို့လို အပ်ပါတယ်။

Delivery Free ပို့ပေးမှ၊ ငွေလွှဲ ဖို့ အဆင်ပြေအောင် ပြုလုပ်ထားပေးမှ ဝန်ဆောင်မှု ကောင်းမဟုတ်ပါဘူး။

မိမိတို့ရဲ့ Customer တွေကို ဝန်ဆောင်မှု ကောင်းပေးချင်တယ်ဆိုရင် သိရမယ့် အခြေခံ အချက် (၃) ချက်ကို ပြောပြပေးပါမယ်။

၁. ဖော်ရွေပါ။

ဝန်ဆောင်မှု ကောင်းတစ်ခုဖြစ်ဖို့ အရေးကြီးဆုံးက ဖော်ရွေမှုပါပဲ။ Customer တွေကို အမြဲယဥ်ကျေးပြီး လေးစားမှုရှိပါ။ Customer တွေရဲ့ လိုအပ်ချက်တွေ ဂရုစိုက် ပြီး သူတို့ မတောင်းဆိုခင် အကူအညီ သို့မဟုတ် အကြံပြုချက်များကို ပေးပါ။ တစ်ခါတစ်လေ မိမိနဲ့ Customer ကြားမှာ စိတ်ညစ်စရာအခြေအနေ သို့မဟုတ် ဒေါသထွက်စရာတွေ ရှိနေတယ်ဆိုရင်တောင် အမြဲကြင်နာတတ်ပြီး စာနာတတ်ဖို့ အရေးကြီးပါတယ်။

၂. Customer နဲ့ဆက်ဆံရေးကို အာရုံစိုက်ပါ။

မိမိနဲ့ စကားပြောပြီးသား customer တွေကို မှတ်သားထားပါ။ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားတဲ့ customer တွေက နောက်တစ်ခါ ပစ္စည်း ဝယ်ချင်တဲ့ အခါ ကိုယ့်ဆီကိုပဲ ဦးစားပေးပြီး ပြန်လာပါလိမ့်ပါမယ်။ Customer တွေရဲ့ မှတ်သားထားပြီး နာမည်နဲ့ နှုတ်ဆက်ပြီး သူတို့ကို အမှတ်တရရှိကြောင်း ဂရုစိုက်ကြောင်း ပြပေးပါ။

၃. မိမိရောင်းကုန်ပစ္စည်း အကြောင်းသိထားပါ။

အကောင်းဆုံး ဝန်ဆောင်မှု ပေးဖို့ အတွက် မိမိရဲ့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု တိုင်းကို သိထားသင့်ပါတယ်။ ထိုသို့ သိထားတဲ့ အတွက် Customer တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိတဲ့ မိမိ ထုတ်ကုန် ဒါမဟုတ် ဝန်ဆောင်မှု တို့ကိုပဲ ညွှန်းပေးပါက Customer အတွက်ရော မိမိ လုပ်ငန်းအတွက်ပါ ကောင်းမွန်တဲ့ ရလဒ် အကျိုးကို ရရှိနိုင်မှာပါ။

၄. ကျေးဇူးတင်ပါ။

Customer တိုင်းကို စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်ကြောင်းပြောပေးပါ။မိမိဆီက ပစ္စည်းဝယ်ပြီးတိုင်း ကျေးဇူးတင်စကားပြောပါ။ မဝယ်ဖြစ်ပဲ လာမေးတဲ့ သူတိုင်းကို လည်း ကျေးဇူးတင်စကားပြောပါ။ ဒီ post လေးက မိတ်ဆွေတို့ အတွက် အကျိုးရှိတယ်ဆိုရင် တစ်ခြားလိုအပ်နေတဲ့ လုပ်ငန်းရှင်တွေ အတွက်လဲ သိရှိသွားအောင် share ပေးသွားပါဦးခင်ဗျာ

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *