စွန့်ဦးတီထွင်သူတိုင်း သတိထားရမယ့် စီမံခန့်ခွဲမှုအချက် (၅)ချက်

(၁) Idea တိုင်းကို ချရေးထားပါ
စွန့်ဦးတီထွင်သူတိုင်းမှာ အမြဲအသစ်အဆန်း ideaတွေကြံဆလေ့ရှိပါတယ်..
မမေ့ပါနဲ့.. တချို့ ideaတွေဟာ ရွှေထက်တန်ဖိုးရှိပါတယ်.. ချရေးထားပါ

(၂) Ivy Lee Method ကိုသုံးပါ
📌 တစ်နေ့တာ အလုပ်တွေပြီးတိုင်းမှာ နောက်နေ့အတွက် လုပ်စရာဦးစားပေး အလုပ် (၆)ခုကို ချရေးပါ
📌 မနက်ဖြန်ရောက်တာနဲ့ ဒီအလုပ် (၆)ခုကို ဦးစားပေး တစ်ကနေ ခြောက်အထိ တစ်ခုပြီးတစ်ခု ပြီးအောင်လုပ်သွားပါ
ဒီနည်းနဲ့ ကိစ္စအတော်များများ ပြီးမြောက်နိုင်တာ တွေ့ပါလိမ့်မယ်

(၃) CEOလည်း ကိုယ်၊ အလုပ်သမားလည်း ကိုယ်
SME အလုပ်တွေမှာ ဝန်ထမ်းအင်အားအများကြီး မသုံးနိုင်တော့ CEO အလုပ်ရော အလုပ်သမားအလုပ်ရော ကိုယ်ပဲလုပ်ရပါတယ်..
အဲ့အတွက်အရင်ဆုံး CEO အဖြစ်နေလိုက်ပါ.. ရှေ့ဆက်သွားမယ့် Planတွေဆွဲပါ.. ပြီးရင်တော့ အလုပ်သမားအဖြစ်ပြောင်းလိုက်ပြီး ဘာမှမတွေးတော့ပဲ လုပ်ချလိုက်ပါ

(၄) Why ဆိုတာ အမွဲသတိထားနပေါ
အလုပ်တွေများလာရင် စက်ရုပ်လိုဖြစ်ပြီး တစ်ခါတစ်လေ ဘာလုပ်ရမလဲ မေ့သွားတာ၊ မသိတာတွေဖြစ်တတ်ပါတယ်..
ဒီအတွက် ဘာပဲလုပ်လုပ် ဘာကြောင့် ဒီအရာကို လုပ်နေရလဲဆိုတဲ့ “Why” မေးခွန်းအမြဲ ကိုယ့်ကိုယ်မေးပါ.. သတိလို့လဲ ပြောနိုင်ပါတယ်

(၅) Project တွေအတွက် အချိန်သတ်မှတ်ပါ
ကြော်ငြာ Campaign တွေလုပ်နေရင်တောင် ဘယ်အချိန်ကနေ ဘယ်အချိန်ထိဆိုတာ သတ်မှတ်ထားသလိုပဲ ကိုယ့်ရဲ့အလုပ်တွေ၊ Projectတွေအတွက် Deadlineတွေ သတ်မှတ်ပြီး အလုပ်လုပ်ပါ..

စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် အကျိုးရှိမယ့် အကြောင်းအရာလေးတွေဖြစ်လို့ မျှဝေပေးလိုက်ပါတယ်..
ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေလည်း ပြောပေးသွားပါဦး။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *