အွန်လိုင်းလုပ်ငန်းရှင်တော်တော်များများ ဝေခွဲမရဖြစ်နေတဲ့မေးခွန်းလေးပါ။
VPN သုံးပြီး Boost ရင် Target တွေပြောင်းသွားနိုင်လား။
Boost လုပ်လို့ရောရနိုင်လားဆိုတော့ ရပါတယ်။ ဒါပေမယ့် လုပ်လိုက်ရင်ဖြစ်လာမယ့် အကျိုးဆက်တွေကိုသိထားဖို့လည်းလိုပါတယ်။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်လေးတွေကို အရင်ဆုံးပြောပြချင်ပါတယ်..

ကျွန်တော်တို့ အရင်တုန်းက Boost လုပ်ရင်ရွေးရတဲ့နေရာမှာ မြန်မာ ဒါမှမဟုတ် မြို့နယ်တွေပုံမှန်ရွေး‌ နေကြတာတွေ့ရပါတယ် ပြီးရင်တော့ ကျားမ အသက်အရွယ်ထပ်ရွေး ပြီးရင် interest,Demographic, Behavior တွေရွေးပြီး boost လုပ်ကြတယ်ပေါ့ဗျ။ အခုကိုယ်တိုင်ကလည်း VPN သုံးပြီး boost တယ့်အပြင် ကိုယ် boost မယ့် Audience တွေကလည်း အကုန် VPN နဲ့ Facebook™️ သုံးနေကြတဲ့သူတွေကြီးပဲဖြစ်နေပါတယ်။ ဒါကြောင့်သူတို့ location ကခုနကလို မြန်မာမှာ မြို့နယ်တွေမှာ မရှိပါဘူး.. လူတွေ အကုန်လုံးကနေရာစုံမှာ ဖြစ်နေနိုင်ပါတယ်တယ်။ ကိုယ့်ကြော်ငြာကလည်း သူတို့ဆီရောက်ဖို့ဆိုတာ အရမ်းခက်ခဲသွားပါပြီ။

ဒါဆိုဘယ်လိုကြော်ငြာလို့ရဦးမလဲဆိုရင်တော့ ကျွန်‌တော်တို့ အနီးစပ်ဆုံး “people recently in this location” ဆိုတာလေးကိုရွေးလို့ရပါတယ်။ ဒါကတော့ မကြာသေးခင်ကမှ ဒီမြို့နယ်တွေ မှနေထိုင်သွားသူတွေဆီကြော်ငြာလို့လည်းရနိုင်ပါတယ်။ ဒါကတော့ အနီးစပ်ဆုံးဖြစ်နိုင်ချေပါ။

နောက်တစ်ခုကတော့ Custom audience တွေကိုသုံးပြီးတော့ ကိုယ်ကြော်ငြာချင်တဲ့သူဆီ Target မှန်အောင်တော့ပြလို့ရနိုင်ပါသေးတယ်။ custom audience ကတော့ Page Engaged လုပ်ဖူးသူတွေ Message ပို့ဖူးသူ Video ကြည့်တဲ့သူတွေ နောက် customer list တွေကိုတော့ ပုံမှန်အတိုင်းပြလို့ရနေနိုင်ပါသေးတယ်။

ဒါပေမယ့် ဒီအချိန်မှာတော့ လူတွေအာရုံက ကြော်ငြာတွေဆီမှာ မရှိနိုင်တဲ့အတွက် ကိုယ့်ကြော်ငြာရင်လည်း မကြည့်ဘဲကျော်သွားကြဖို့များပါတယ်။ ဒါကြောင့် ဒီအချိန်မှာတော့ ကြော်ငြာတွေကို ခဏနားထားဖို့ အကြံပေးပါတယ်ခင်ဗျာ။

ကိုယ့်ရဲ့ ကြော်ငြာ budget လည်းဒီအချိန်မှာ အလဟသ ဆုံးရှုံးတာမျိုးဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေလည်းသိပြီးပြီဆိုတော့ ဆက်ကြော်ငြာသင့်မသင့်သိမယ်ထင်ပါတယ်ခင်ဗျာ။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *