Online စီးပွားရေး တစ်ခုဟာ လိုအပ်ချက်သမျှကို ဖြည့်ဆည်းခြင်း အများရဲ့ယုံကြည်မှုကိုတည်ဆောက်ခြင်းတွေနဲ့ စတင်ပါတယ်။ ဒါတွေလုပ်ဆောင်ပြီးသွားရင်တောင်မှ သင့်ရဲ့အောင်မြင်မှုကို ဖျက်စီးစေမယ့်အချက်တွေက ရှိနေပါသေးတယ်။ Online စီးပွားရေးထောင်တဲ့လူတော်တော်များများဟာ သူတို့ကို ကျရှုံးစေတဲ့အမှားတွေကို လွန်ပြီးမှသိတတ်ကြပါတယ်။ ဥပမာ – အမြတ်ငွေကို အလွန်အကျွံခန့်မှန်းတာမျိုး၊ မနိုင်ဝန်ထမ်းတာမျိုး စသဖြင့်ပေါ့။ ဒါတွေအပြင် လုပ်ငန်းရှင်တွေမှားတတ်တဲ့အမှားတော်တော်များများရှိပါသေးတယ်။ ဒါကြောင့် Online စီးပွားရေး စတင်တဲ့အခါ မြန်မြန်အောင်မြင်နိုင်ဖို့ အောက်ပါအမှားတွေကို ရှောင်ရှားလိုက်ပါ။

(1) တိုက်ခိုက်ဖို့ အစီအစဉ်ဆွဲမထားတာ။
သင့်မှာ business plan ကို professional ကျကျ ဆွဲဖို့ မလိုရင်တောင် အစီအစဉ်တစ်ခုခုတော့ အမြဲရှိနေဖို့လိုပါတယ်။ လူတွေက business plan ဆိုတာနဲ့ လုံးဝမလုပ်ချင်တဲ့ အိမ်စာတစ်ခုအဖြစ် မြင်ကြပေမယ့် ကိုယ့်ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် အစီအစဉ်ဆွဲထားတာဟာ တကယ် အထောက်အကူပြုပါတယ်။ Business တစ်ခုလုံးအဆင်ပြေအောင်မြင်ဖို့ plan ဆွဲရာမှာ စာမျက်နှာ 20 လောက် အစီအစဉ်တွေကို formal ကျကျချရေးဖို့မလိုဘဲ သင့်ရဲ့ customer တွေအကြောင်း သင်ဘာကိုရောင်းနေသလဲ သင့်ရဲ့ product/service အတွက် လူတွေက ဘာပြန်ပေးချင်သလဲ စတာတွေသာ အဓိကစဉ်းစားရမှာပါ။ ဒါ့အပြင် သင်ဘယ်လောက်ဝင်ငွေရပြီလဲဆိုတာနဲ့ ဒီငွေဟာ ဘယ်လောက်ကြာကြာခံဦးမလဲဆိုတာပါ ထည့်သွင်းစဉ်းစားပါ။

(2) အသေးအမွှားလေးတွေမှာ အလွန်အမင်း အာရုံစိုက်လွန်းတာ။
ပထမဆုံးလုပ်သင့်တာက သင့်ရဲ့လုပ်ငန်းလုံးဝ အခြေခိုင်သွားဖို့ပဲဆိုတာ မမေ့ပါနဲ့။ တချို့လူတွေက မိမိ brand ရဲ့ logo ဒီဇိုင်း business card ဒီဇိုင်း စတဲ့အသေးအမွှားလေးတွေမှာ တအား အာရုံထားတတ်ကြပါတယ်။ အဲဒီအစား သင့်ရဲ့ လုပ်ငန်းကို နောက်တဆင့်မြှင့်ဖို့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေပေါ်မှာပဲ အာရုံစိုက်လိုက်ပါ။

(3) ငွေရေးကြေးရေးနဲ့ပတ်သက်လို့ စိတ်မပူတတ်တာ။
သင့်ရဲ့ လုပ်ငန်းလည်ပတ်ဖို့ ပိုက်ဆံဘယ်လောက်ရှိထားလဲ သုံးစွဲမှုနှုန်းကဘယ်လောက်လဲ ဆိုတာ သိထားသင့်ပြီး မကုန်ခင်မှာ ပိုရှာထားနိုင်ဖို့ အစီအစဉ်ဆွဲပါ။ လုပ်ငန်းရှင်တော်တော်များများဟာ အချိန်နောက်ကျမှ ရန်ပုံငွေတိုးဖို့ သတိရတတ်ကြပါတယ်။ အဲဒီအစား milestone တွေ သတ်မှတ်ထားပြီး ဒီသတ်မှတ်ချက်တစ်ခုချင်းစီကို အရောက်သွားဖို့ ပိုက်ဆံဘယ်လောက်ကုန်နိုင်သလဲဆိုတဲ့ ငွေရေးကြေးရေးအစီအစဉ်တစ်ခု ဖန်တီးထားပါ။

(4) ကိုယ်ရောင်းတဲ့အရာရဲ့ တန်ဖိုးကို လျှော့ပေါ့ပေးတာ။
Product ဒါမှမဟုတ် service ဘာပဲရောင်းရောင်း ကိုယ့်ရောင်းမယ့်အရာရဲ့ ထိုက်သင့်တဲ့တန်ဖိုးကိုသာ သတ်မှတ်ထားပါ။ ဒါ့အပြင် မိမိရဲ့ လုပ်ငန်းတိုးတက်လာတာနဲ့အမျှ ဈေးနှုန်းကိုလည်း ပြန်လည်ချိန်ညှိပါ။

(5) Customer service ကောင်းကောင်းမပေးဘဲ လစ်လျူရှုတာ။
Internet ပေါ်မှာ business တွေကလည်း များပြားလာတာကြောင့် ဘယ် website/Facebook page ကိုမဆို customer တွေက မေ့လွယ်တတ်ကြပါတယ်။ ဒါပေမယ့် customer တွေဟာ ဆက်ဆံရေးကောင်းတဲ့ website/Facebook page တွေကို မှတ်သားတတ်ကြပြီး နောက်တကြိမ်ပြန်လာတတ်ကြတာပါ။ ဒါကြောင့် သင့်ရဲ့ website ကို လာသမျှသူတိုင်းကို service ကောင်းကောင်းပေးနိုင်ပါစေ။ ဥပမာ – live chat တွေနဲ့ စကားပြောဆိုတာ survey ကောက်တာ phone email တွေကတဆင့် ဆက်သွယ်တာ စသဖြင့်ပေါ့။ ဒါ့အပြင် သင့်ရဲ့ brand အကြောင်း ထင်မြင်ချက်တွေ ဝေဖန်မှုတွေကို review site တွေကနေတဆင့် လေ့လာဖို့ မမေ့ပါနဲ့။

(6) Giveaway တွေ ခဏခဏ လုပ်လွန်းပြီး ဘာမှပြန်မရတာ။
သင်ဟာ အရောင်းသမားအဖြစ် လူအများရဲ့ယုံကြည်မှုကို စတင်ရယူတော့မယ်ဆိုရင် အရာတစ်ခုခုကို giveaway လုပ်တာဟာ လူသိပိုများပြီး customer တွေနဲ့ ဆက်သွယ်မှုကောင်းလာသလို ရေရှည် customer တွေလည်း ရလာနိုင်ပါတယ်။ အထူးသဖြင့် service ရောင်းမယ့် လုပ်ငန်းရှင်တွေအတွက်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် FREE ပေးတဲ့ အရာမှာလည်း သူ့ကုန်ကျစရိတ်နဲ့သူရှိလို့ customer တွေအတွက် အသုံးဝင်ပြီး ပိုက်ဆံနဲ့ပြန်လဲလို့မရမယ့်အရာတစ်ခုခုပေးပါ။ ဥပမာ – အခမဲ့ ebook, စာညွှန်း, online ဟောပြောချက်တွေ, လမ်းညွှန်ချက် စတာတွေပါ။

(7) Social media တွေမှာ ဖြန့်ဝေမှုအားနည်းလွန်းတာ။
သင့်ရဲ့ brand ကို စတင်တည်ထောင်ပြီး ဈေးကွက်ဖြန့်ကျက်တဲ့အခါ သင့်ရဲ့ audience တွေရှိနိုင်တဲ့နေရာမှာ အဓိက social audience အုပ်စုတစ်စု ဒါမှမဟုတ် နှစ်စုလောက်နဲ့ အရင် စမ်းသပ်ကြည့်ပြီးမှ သေချာရွေးချယ်ထားတဲ့ audience တွေကို budget နည်းနည်းနဲ့ စုဆောင်းလို့ရပါတယ်။ သင့်ရဲ့ ကြော်ငြာစရိတ်တွေက အစပိုင်းမှာပဲ အကုန်မသုံးလိုက်ပါနဲ့ဦး။

(8) အစောပိုင်းအလုပ်ခန့်တဲ့နေရာမှာ ချွေတာလွန်းတာ။
အလုပ်ရှင်အများစုက သူတို့ရဲ့ business မြန်မြန်လည်ပတ်ဖို့ လစ်လပ်နေတဲ့ရာထူးနေရာတွေအတွက် ဖြည့်ဆည်းဖို့ရာ အလုပ်ခန့်တဲ့ process မှာ အလျှင်လိုတတ်ကြပါတယ်။ ဒီလိုမျိုး အလျှင်လိုတဲ့အပြင် လစာပေးတဲ့နေရာမှာလည်း ချွေတာတဲ့အခါမှာ အရည်အချင်းမပြည့်မှီ မကိုက်ညီတဲ့သူတွေကို ခန့်မိတာမျိုး company ရဲ့ culture နဲ့ အဆင်မပြေတဲ့ အကျင့်စရိုက်ရှိသူတွေကို ခန့်မိတာမျိုး စတဲ့အခက်အခဲတွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် သင့်မှာမရှိတဲ့ အရည်အချင်းပိုင်ဆိုင်ထားသူတွေနဲ့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အပေါ်မှာ အာရုံစိုက်ပြီး အလုပ်ခန့်ပါ။ သင့်ရဲ့ company အတွက် ပထမဆုံးခန့်တဲ့သူတွေဟာ သင့် brand အတွက်ရော company ရဲ့ ဖြစ်တည်မှုအတွက်ပါ အရေးပါတဲ့သူတွေဆိုတာ မမေ့ပါနဲ့။

(9) သင့်ရဲ့ စိတ်အားထက်သန်မှုကို လျှော့တွက်တာ။
လုပ်ငန်းစစချင်း ပထမ တစ်နှစ် နှစ်နှစ်လောက်မှာ သင်လေ့လာထားသမျှ အလုပ်နဲ့ ဘဝ ညီညွတ်မျှတမှုတွေကို မေ့ထားပါ။ အချိန်ကုန်မှာနဲ့ ပတ်သက်ပြီးတော့ မစိုးရိမ်ပါနဲ့။ အကြံကောင်းဉာဏ်ကောင်းတွေဟာ သင် ကိုယ့်အချိန်ကိုစီမံခန့်ခွဲနေပြီး အလုပ်နှစ်ခု သုံးခုလောက် တပြိုင်နက်တည်းလုပ်နေချိန်မှာ ထွက်မလာတတ်ပါဘူး။ သင်ဟာ အရာတစ်ခုတည်းမှာ အာရုံစိုက်နေချိန်မှသာ အကြံကောင်းကောင်းကို စဉ်းစားမိနိုင်မှာပါ။

(10) အရာအားလုံးက အမြဲတမ်း နေရာတိုင်းမှာ အံဝင်ခွင်ကျ ဖြစ်နိုင်မယ်လို့ ထင်မြင်တာ။
နည်းဗျူဟာ တစ်ခုခု ဒါမှမဟုတ် product တစ်ခုခု တစ်ခုခုဟာ တခြား companyမှာ အဆင်ပြေနေတာနဲ့ သင့် company အတွက်လည်း သင့်တော်အလုပ်ဖြစ်နိုင်မယ်လို့ မထင်ပါနဲ့။ တခြားတစ်နေရာက အောင်မြင်မှုဆိုတာတွေ သင်လေ့လာထားသမျှတွေအပေါ်မှာ အကြွင်းမဲ့မယုံကြည်လိုက်ပါနဲ့။ သင့်ရဲ့ product အတွက် နည်းဗျူဟာတွေကိုလည်း ကုန်ကျစရိတ်နည်းနည်းနဲ့ စမ်းသပ်လေ့လာတာတွေ လုပ်ပေးပါ။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးရှိသွားစေတယ်ဆိုရင် အခြားသူငယ်ချင်းမိတ်ဆွေတွေပါ အကျိုးရှိစေဖို့အတွက် post ကို share လုပ်ပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *