Meta သည် ၂၀၂၅ ခုနှစ်တွင် ၎င်း၏ content moderation policies တော်တော်များများကို ပြောင်းလဲလိုက်ပြီး၊ ၂၀၁၆ လောက်က စတင်အသုံးပြုခဲ့တဲ့ third-party fact-checkers တွေကို ရပ်ဆိုင်းကာ community notes system (လူထုမှတ်ချက်စနစ်) နဲ့ အစားထိုးသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီပြောင်းလဲမှုဟာ လွတ်လပ်စွာပြောဆိုပိုင်ခွင့် (free speech) ကို ပိုမိုအလေးပေးတဲ့ လမ်းကြောင်းကို ဦးတည်နေပြီး၊ တဖက်မှာလည်း အွန်လိုင်းပေါ်မှာ မှားယွင်းတဲ့သတင်းအချက်အလက်တွေ ပိုမိုများပြားလာနိုင်တယ်လို့လည်း Mark Zuckerberg က ဝန်ခံထားပါတယ်။
Meta ရဲ့ ၂၀၂၅ မူဝါဒပြောင်းလဲမှုများ
Fact-Checkers တွေကို ရပ်ဆိုင်းခြင်း
Meta က Facebook နှင့် Instagram နဲ့ လက်တွဲနေတဲ့ third-party fact-checkers တွေ နှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်လိုက်ပါတယ်။
ဒီအစား၊ community notes system (လူထုမှတ်ချက်စနစ်) ကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီစနစ်ဟာ Elon Musk ရဲ့ X (ယခင်က Twitter) မှာ အသုံးပြုနေတဲ့ စနစ်နဲ့ ဆင်တူပါတယ်။
X ရဲ့ Community notes စနစ်မှာတော့ ပို့စ်က မှားယွင်းတဲ့အချက်အလက်တွေ ပါ/မပါ 6 လ အတွင်း violation မထိထားတဲ့ users တွေက anonymous အနေနဲ့ comment ရေး သတိပေးနိုင်မှာဖြစ်ပြီး ၎င်းမှတ်ချက် မှန်/မမှန်ကို users များကပဲ vote လုပ်ကြပါတယ်။ ထိုမှတဆင့် X ဘက်ကနေ Action ယူမှာ ဖြစ်ပါတယ်။
ပြောင်းလဲမှုရဲ့ အကြောင်းရင်း
META ရဲ့ CEO,Mark Zuckerberg က fact-checkers တွေဟာ “အရမ်းနိုင်ငံရေးဘက်လိုက်မှုရှိတယ်” လို့ ပြောဆိုခဲ့ပြီး၊ ဒီစနစ်က လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ် ( နိုင်ငံရေးနဲ့ပတ်သတ်တဲ့ content တွေ ဖြုတ်ချခံရတာ၊ မကြာခဏ reason ကောင်းကောင်း မရှိပဲ ban ခံရတာတွေ )။
သူက ဒီပြောင်းလဲမှုဟာ “လွတ်လပ်စွာပြောဆိုခွင့်ကို ပြန်လည်အလေးပေးဖို့” လို့ ရည်ညွှန်းပြီး၊ ယခင်စနစ်က လူတွေရဲ့ အမြင်တွေကို ပိတ်ပင်တာမျိုး ဖြစ်စေခဲ့တယ်လိုလည်း ဆိုခဲ့ပါတယ်။
အကျိုးဆက်များ
Zuckerberg က ဒီပြောင်းလဲမှုဟာ “နှစ်ဘက်ဓားသွား” တစ်ခုဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဆိုးကျိုး – အငြင်းပွားဖွယ်အကြောင်းအရာ(Controversial) တွေ ၊ သတင်းအမှား (misinformation) တွေ ပိုမိုတွေ့ရနိုင်ပါတယ်။
ကောင်းကျိုး – အပြစ်မရှိတဲ့ပို့စ်တွေ မှားဖျက်မိတာမျိုး ၊ မကြာခဏ အကြောင်းမဲ့ Ban ခံထိတာမျိုးတွေ လျော့နည်းသွားနိုင်ပါတယ်။
Meta ဟာဒီ အငြင်းပွားဖွယ်အကြောင်းအရာတွေ ၊ သတင်းအမှားတွေ ကို စစ်ဆေးဖို့ အတွက် AI နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်ပြီး၊ Usersတွေ အတွက် အန္တရာယ်ရှိတဲ့အကြောင်းအရာတွေကို Alert လုပ်နိုင်ဖို့ AI နဲ့ Support လုပ်သွားမှာဖြစ်ပါတယ်။
ဝေဖန်မှုများ
ဒီပြောင်းလဲမှုဟာ US မှာတော့ အငြင်းပွားဖွယ်ရာကိစ္စ ဖြစ်စေခဲ့ပါတယ်။
ဝေဖန်ထောက်ပြသူများ – ဒီပြောင်းလဲမှုဟာ အွန်လိုင်းပေါ်မှာ မုန်းတီးရေးနှင့် မှားယွင်းတဲ့သတင်းအချက်အလက်တွေ ပိုမိုများပြားလာစေနိုင်တယ်လို့ ဆိုပါတယ်။
ထောက်ခံသူများ – ဒီပြောင်းလဲမှုဟာ လွတ်လပ်စွာပြောဆိုခွင့်ကို အားပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
အကျဉ်းချုပ်
Meta ရဲ့ ၂၀၂၅ မူဝါဒပြောင်းလဲမှုဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ပိုမိုအလေးပေးတဲ့ လမ်းကြောင်းကို ဦးတည်နေပါတယ်။ ဒါပေမယ့်၊ ဒီပြောင်းလဲမှုဟာ အွန်လိုင်းပေါ်မှာ မှားယွင်းတဲ့သတင်းအချက်အလက်တွေ ပိုမိုများပြားလာစေနိုင်ပြီး၊ နိုင်ငံရေးအရ သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ Meta ရဲ့ ဒီဆုံးဖြတ်ချက်ဟာ အနာဂတ်မှာ လူမှုမီဒီယာပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
စာဖတ်သူအနေနဲ့လည်း META ရဲ့ ဒီ Policy အရွေ့ကြီးက အကောင်းဘက်ကို ဦးတည်သွားမလား ၊ အဆိုးဘက်ကို ရောက်သွားမလား ဒါမှမဟုတ် Digital Marketing နယ်ပယ်ပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာမလည်းဆိုတာကို ကောမန့် မှာ ဝင်ရောက်ဆွေးနွေးပေးပါဦး။
(source:META Website & BBC)
0 Comments