မြန်မာနိုင်ငံမှာ KFC (Kentucky Fried Chicken) ဟာ အစားအသောက် လုပ်ငန်းတွေထဲမှာ ထိပ်တန်းက ရပ်တည်နေတဲ့ global brand တစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံ fast food market ကို Marry brown က ၂ နှစ် လောက် စောဝင်ခဲ့ပေမယ့် KFC လောက် အောင်မြင်မူလောက်မရရှိခဲ့ပါဘူး။ ဒါဆို KFC ကနောက်မှဝင်လာပြီး ဘာလို့ Market ကို လွမ်းမိုးနိုင်သွားရတာလည်း??
အဖြေကတော့ ရှင်းပါတယ် market မှာ ထူးလို့ပါ။ KFC ရဲ့ အောင်မြင်မှုဟာ သူတို့ရဲ့ ထိရောက်တဲ့၊ထူးခြားတဲ့ marketing strategies တွေ၊ localization နဲ့ customer experience တွေကြောင့် ဖြစ်ပါတယ်။ ဒီထဲက အဓိက အချက်တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။
KFC ရဲ့ သမိုင်းကြောင်း
KFC ကို ၁၉၃၀ ခုနှစ်မှာ Colonel Harland Sanders က အမေရိကန်နိုင်ငံ၊ Kentucky ပြည်နယ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ Secret Recipe နဲ့ ကြက်ကြော်တွေဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ လူကြိုက်များလာခဲ့ပြီး KFC ဟာ global brand တစ်ခုအဖြစ် ရပ်တည်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ KFC ဟာ ၂၀၁၅ ခုနှစ်မှာ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ပြီး၊ ယနေ့အချိန်မှာ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်စတဲ့ မြိုကြီးမှာ ဆိုင်ခွဲများစွာ ဖွင့်လှစ်ထားပါတယ်။
KFC မြန်မာနိုင်ငံမှာ အောင်မြင်ရခြင်း အကြောင်းရင်း
(1) Localization Strategy
KFC ဟာ global brand တစ်ခုဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ အစားအသောက် အလေ့အထတွေကို လေးစားပြီး localization လုပ်ဆောင်ခဲ့ပါတယ်။
မြန်မာ့ပါးစပ်နဲ့ ကိုက်ညီအောင် ဖန်တီးနိုင်ခြင်း: KFC ဟာ မြန်မာလူမျိုးတွေရဲ့ အရသာကို နားလည်ပြီး ကြက်ကြော်တွေကို ဒေသန္တရအရသာတွေနဲ့ ပေါင်းစပ်ခဲ့ပါတယ်။ ဥပမာ – seasoning နဲ့ spices ၊ ဒါမှမဟုတ် မြန်မာ့ဟင်းလျာတွေနဲ့ ဆင်တူတဲ့ အရသာတွေကို ထည့်သွင်းခဲ့ပါတယ်။၂၀၂၄ May လ မှာ စတင်မိတ်ဆက်ခဲ့တဲ့ KFC ရဲ့ ထမင်းဆီဆမ်းကလည်း localized taeser video နဲ့အတူ အောင်မြင်မူရရှိခဲ့ပါတယ်။
စျေးနှုန်း ချိန်ညှိခြင်း: KFC ဟာ မြန်မာနိုင်ငံရဲ့ ဝယ်ယူနိုင်စွမ်းကို ထည့်သွင်းစဉ်းစားပြီး စျေးနှုန်းတွေကို ချိန်ညှိခဲ့ပါတယ်။ ဒါကြောင့် အလယ်အလတ်တန်းစား လူတန်းစားတွေပါ လက်လှမ်းမီနိုင်တဲ့ စျေးနှုန်းတွေနဲ့ ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။
(2) Strong Brand Identity နဲ့ Consistency
KFC ဟာ သူ့ရဲ့ brand identity ကို မြန်မာနိုင်ငံမှာ အားကောင်းအောင် တည်ဆောက်ခဲ့ပါတယ်။
Logo နဲ့ Branding: KFC ရဲ့ နာမည်ကြီး Colonel Sanders ပုံ နဲ့ နီညိုရောင် branding ဟာ လူတိုင်းရဲ့ မှတ်ဉာဏ်ထဲမှာ စွဲထင်ကျန်ရစ်ခဲ့ပါတယ်။
အရသာရဲ့ တသမတ်တည်းရှိမှု: KFC ရဲ့ ကြက်ကြော်တွေဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ တသမတ်တည်း ရှိတဲ့ အရသာကို မြန်မာနိုင်ငံမှာလည်း ထိန်းသိမ်းထားပါတယ်။ ဒါကြောင့် လူတွေဟာ KFC Brand ပေါ်ယုံကြည်မှုရှိပြီး ပြန်လည် ဝယ်ယူကြပါတယ်။
(3) ထိရောက်တဲ့ Marketing Campaigns တွေ
KFC ဟာ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ထုတ်ကုန်တွေကို ပရိသတ်တွေရင်ထဲထိ ရောက်ရှိအောင် ထိရောက်တဲ့ marketing campaigns တွေ လုပ်ဆောင်ခဲ့ပါတယ်။
Social Media Marketing: KFC ဟာ Facebook, Instagram စတဲ့ social media platforms တွေမှာ မြန်မာပရိသတ်တွေနဲ့ ထိတွေ့ဆက်ဆံပြီး မြန်မာ့ ယဉ်ကျေးမူနဲ့ ဆက်စပ်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ content တွေ၊လူတွေရဲ့ Emotion ကို ကောင်းကောင်းကစားနိုင်တဲ့ ပရိုမိုးရှင်းတွေကို ဖန်တီးခဲ့ပါတယ်။KFC ရဲ့ “Kyaw Kyaw” campaign ဟာဆိုရင်လည်း အရမ်းပေါက်သွားခဲ့တဲ့ campaign ဖြစ်ခဲ့ပါတယ်
Influencer Collaborations: မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ Celebrity တွေ လူငယ်အကြိုက် influencers တွေ နဲ့ ပူးပေါင်းပြီး brand awareness ကို မြှင့်တင်ခဲ့ပါတယ်။
ပရိုမိုးရှင်းနဲ့ လက်ဆောင်များ: KFC ဟာ မကြာခဏ ပရိုမိုးရှင်းတွေ လုပ်ပြီး ပရိသတ်တွေကို ဆွဲဆောင်ခဲ့ပါတယ်။ ဥပမာ -တနှစ်တာကြက်ကြော် free စားခွင့်တို့ ၊ ကြက်ကြော်တစ်တုံးဝယ်ရင် နောက်တစ်ခု အခမဲ့ရတာမျိုးတို့ နဲ့ လက်ဆောင်ကတ်တွေ ပေးတာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။
(4) နေရာမှန်ရွေးချယ်နိုင်မှု (Location Strategy)
KFC ဟာ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ဆိုင်တွေကို လူတွေရဲ့ ဝယ်နိုင်စွမ်း ၊ Demographic ပေါ်မူတည်ပြီး ရွေးချယ်ခဲ့ပါတယ်။
ဗဟိုကျတဲ့ နေရာတွေမှာ ဖွင့်လှစ်ခြင်း: KFC ဆိုင်တွေကို မြို့ကြီးတွေရဲ့ ဗဟိုချက်တွေမှာ ဖွင့်လှစ်ထားပါတယ်။ ဥပမာ – ရန်ကုန်မြို့မှာ Junction Square, Myanmar Plaza စတဲ့ လူစည်ကားတဲ့ နေရာတွေမှာ ဖွင့်လှစ်ထားပါတယ်။
(5) Customer Experience ကို အလေးထားခြင်း
KFC ဟာ မြန်မာနိုင်ငံမှာ customer experience ကို အလေးထားပြီး ဝန်ဆောင်မှုပေးခဲ့ပါတယ်။
ဝန်ဆောင်မှု: KFC ရဲ့ ဝန်ထမ်းတွေဟာ ပရော်ဖက်ရှင်နယ်ဆန်ပြီး ဝင်လာတဲ့ဖောက်သည်တွေကို ကြိုဆိုတတ်တဲ့ ဝန်ဆောင်မှုမျိုးပေးပါတယ်။ ဆိုင်းခွဲတိုင်းမှာ ဝန်ထမ်းတွေရဲ့ quality ကိုလည်း standardized ဖြစ်အောင်ထိန်းထားနိုင်ပါတယ်။ Social media ပေါ်မှာ ရှိတဲ့ customers feedback တွေ care လုပ်တဲ့အတွက်လည်း နာမည်ကောင်းရပါတယ်။
နိဂုံး
KFC ရဲ့ မြန်မာနိုင်ငံမှာ အောင်မြင်ရခြင်းဟာ သူတို့ရဲ့ localization strategy, ထိရောက်တဲ့ marketing campaigns, နဲ့ customer experience တွေကြောင့် ဖြစ်ပါတယ်။ မြန်မာ့ဈေးကွက်ကို နားလည်ပြီး ဒေသန္တရအလိုက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခဲ့တာကြောင့် KFC ဟာ မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ global brand တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
0 Comments