သင့်ရဲ့ လုပ်ငန်းအတွက် အသင့်တော်ဆုံးဖြစ်နိုင်မယ့် marketing နည်းဗျူဟာမှာ Facebook ကို ဘယ်လို အသုံးချနိုင်မလဲဆိုတာ အောက်ပါ မေးခွန်းလေးတွေ ဖြေကြည့်ပြီး လေ့လာလိုက်ပါ။

(1) အလုပ်သမားများများရှိပါသလား?

ဒါဆိုရင်တော့ Facebook page ကိုသုံးဖို့အကြံပေးချင်ပါတယ်။ Facebook page ကို တခါတလေ ရှာမတွေ့တဲ့ ပြဿနာတွေ ရှိတတ်တယ်ဆိုပေမယ့် ဒါဟာ နခြား marketing channel တွေမှာလည်း ကြုံရတာပါပဲ။ Customer တွေအားလုံးဆီကို reach ဖြစ်ဖို့ကတော့ အမြဲတမ်းဖြစ်နိုင်မှာမဟုတ်ပါဘူး။ Facebook page ဟာ group တွေ Subscribe button တွေထက်စာရင် ပိုပြီး အကျိုးရှိတဲ့အချက်တွေ ရှိပါတယ်။ ပထမဦးဆုံး အားသာချက်ကတော့ Facebook page ကို ကောင်းကောင်း branding လုပ်လို့ရတာပါပဲ။ User တွေက သင့်ရဲ့ Page ကိုတွေ့လိုက်တာနဲ့ brand awareness မြင့်လာအောင် သင့်ရဲ့ လုပ်ငန်းနာမည်နဲ့ အမှတ်တံဆိပ်ကို သုံးရပါမယ်။ ဒါ့အပြင် သင့်ရဲ့ page ကို လူသိပိုများလာအောင်လည်း တခြား page တွေမှာ comment ပေးတာမျိုး လုပ်သင့်ပါတယ်။ ဒါ့အပြင် Facebook ad တွေကို သုံးပြီးတော့လည်း page အကြောင်းကြော်ငြာဝင်နိုင်ပါတယ်။ ဒါပေမယ့် ဒီကြော်ငြာတွေဟာ သင့်အတွက် တကယ်အလုပ်ဖြစ်မဖြစ်ကိုလည်း စမ်းကြည့်ဖို့လိုပါမယ်။ တတိယအချက်ကတော့ သင့်ရဲ့ page ကို လူကြိုက်များအောင် ပြိုင်ပွဲဝင်တာ application တွေသုံးတာမျိုး လုပ်နိုင်တာပါပဲ။ Facebook offer တွေနဲ့ check-in လုပ်နိုင်တာတွေကလည်း Facebook page မှာသာရရှိနိုင်ပြီး သင့်ရဲ့ marketing နည်းဗျူဟာမှာလည်း အသုံးချနိုင်မယ့် အပိုအကျိုးထူးတွေပါ။

(2) ကိုယ့်ကိုယ်ကို branding ပြန်လုပ်ချင်ပါသလား?

သင်ဟာ သင့်ကုမ္ပဏီအတွက် အရေးပါသူ ပြောရေးဆိုခွင့်ရှိသူလူတစ်ယောက်ဖြစ်နေရင် ဒါမှမဟုတ် သင့်ကိုယ်သင်လူသိများစေချင်ရင် သင့်ရဲ့ personal profile မှာ Subscribe button ကို ထည့်သွင်းထားဖို့ စဉ်းစားမှာပါပဲ။ လူတွေက သင့်ရဲ့ အမှတ်အသားပါတဲ့ facebook page ထက် စာရင် သင့်ကိုပဲ တိုက်ရိုက်လာရောက်ဆက်သွယ်ချင်ကြမှာပါ။ သင့်ရဲ့ post တွေကို ဘယ်သူတွေကို မြင်စေချင်သလဲဆိုတာ ထိန်းချုပ်နိုင်လို့ privacy အတွက်လည်း စိတ်ပူစရာမရှိပါဘူး။

(3) ကိုယ်ပိုင်လုပ်ငန်းလုပ်နေတာလား?

သင်ဟာ တစ်ဦးတည်းလုပ်ငန်းရှင်ဖြစ်နေရင် ဒါမှမဟုတ် သင့်ရဲ့ နာမည်နဲ့ လုပ်ငန်းကို branding လုပ်ချင်တဲ့အခါမျိုးမှာ Facebook strategy ကို သုံးရတာ ပိုပြီးခက်ခဲပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ News feed ဟာ personal profile နဲ့တင်တဲ့ post တွေအတွက် ပိုအဆင်ပြေတတ်လို့ပါ။ Subscribe button ဖွင့်ထားတဲ့သူတွေအနေနဲ့ Fan တွေထက် subscribe အသစ်တွေကိုပဲ ပိုမြင်နေရတာလည်း ပါပါတယ်။ ဒါဆိုရင် သင့်ရဲ့ page ကိုပါ မသုံးဘဲနေရတော့မှာလား? မဟုတ်ပါဘူး..ပထမအချက်မှာပြောထားတဲ့ page ရဲ့ အားသာချက်တွေကို ပြန်ကြည့်ပါ။ သင့်အတွက် ပြိုင်ပွဲဝင်တာ ad တွေသုံးတာ application တွေ cupon တွေသုံးတာ စတာတွေအတွက်ဆိုရင် Page တစ်ခုကတော့ လိုကိုလိုပါတယ်။ သင့်ရဲ့ personal profile ကို စီးပွားရေးအတွက် သုံးဖို့ စဉ်းစားနေပါသလား? Facebook ရဲ့ Statement of Rights and Responsibilities မှာ personal profile ကို စီးပွားဖြစ်မသုံးရဘူးလို့ ဖော်ပြထားတာရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ စည်းကမ်းချက်တွေကလည်း အရမ်းကြီးရှင်းလင်းနေတာမျိုးတော့ မဟုတ်ပါဘူး။

(4) အဖွဲ့အစည်းတွေကို စီမံခန့်ခွဲနေရသလား?

ကျောင်းသားအဖွဲ့အစည်း သင်တန်းပေးတဲ့အဖွဲ့အစည်း လူမှုရေးအဖွဲ့အစည်း စတဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုခုအတွက် Facebook group ကို စီမံကိုယ်တွယ်နေရတာမျိုး ရှိပါသလား။ တစ်ခါတစ်လေ ဒီလို group တွေကို facebook marketing အတွက် အသုံးချတဲ့အခါ customer ဖြစ်လာနိုင်ချေရှိသူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အကြောင်းအရာတချို့ရှိပါတယ်။

– Group ထဲမဝင်ချင်တဲ့သူတွေကို group ထဲမှာ ရှိပြီးသားလူတစ်ယောက်ယောက်က အသင်းဝင်အဖြစ် add ပေးလိုက်တာမျိုးပါ။

– လူတော်တော်များများက notification off တာမျိုး မလုပ်တတ်တဲ့အခါ group ထဲက အကြောင်းအရာတွေ အားလုံးကိုပဲ အမြဲတွေ့နေတော့ စိတ်ပျက်လာတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ group ထဲမှာရှိသူတွေကို setting တွေအကြောင်း သေချာပြောပြထားပေးပါ။

သင့်ရဲ့ လုပ်ငန်းဟာ လူမှုကွန်ယက်နဲ့ဆက်နွယ်နေတာမျိုး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုဖွဲ့စည်းချင်တာမျိုးဆိုရင်တော့ Facebook group တွေကလည်း marketing မှာ အလုပ်ကောင်းကောင်းဖြစ်မှာပါ။ သင့်အနေနဲ့လည်း ပွဲစီစဉ်တာ စာရွက်စာတမ်းတွေ မျှဝေချင်တာမျိုး လုပ်ချင်ရင် group တွေကို သုံးနိုင်ပါတယ်။

နိုင်ငံတွင်း လုပ်ငန်းရှင်တွေစုပြီး group ထားတာကလည်း အဆက်အသွယ်ကောင်းတွေရစေတဲ့အပြင် သင့်ရဲ့လုပ်ငန်းအကြောင်းကို promotion ဝင်နိုင်မှာပါ။ ဒါ့အပြင် group ထဲကသူတွေအတွက် ဘယ်လို post တွေကို ဘယ်လောက်တင်နိုင်သလဲဆိုတဲ့အကြောင်း သိနိုင်အောင် စည်းမျဉ်းထုတ်ထားသင့်ပါတယ်။ သင်ဟာ သင်တန်းတစ်ခုခု ဒါမှမဟုတ် အကြံပေးလုပ်ငန်းတစ်ခုခု ထောင်ထားတယ်ဆိုရင်တော့ သင့်ရဲ့ client တွေနဲ့ အဆက်အသွယ်မပြတ်ဘဲ သူတို့သိချင်တာတွေကို အပိုဝန်ဆောင်မှုအနေနဲ့ အကြံပေးချင်တဲ့အခါမှာလည်း facebook group တွေကို သုံးနိုင်ပါတယ်။

အပေါ်က အချက်လေးခုအပေါ်မှာ အခြေခံပြီး သင့်လည်း Facebook marketing လုပ်တဲ့အခါ ဘယ်လိုနည်းလမ်းတွေ သုံးသင့်သလဲဆိုတာ စဉ်းစားကြည့်ပါဦး။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးကျေးဇူးရှိစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကို နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *