(၁) အဖြေရှာပါ
Customer တစ်ယောက် Complaint တက်လာတဲ့ အခါ အဆင်မပြေတဲ့ အကြောင်းအရင်းကို သေချာရှာဖွေပြီး ဖြေရှင်းပေးနိုင်မယ့် အဖြေကိုပါ သေချာရှာဖွေပါ

(၂) အချိန်မဆွဲပါနဲ့
Complaint တက်လာတဲ့ အခါ ဖြေရှင်းဖို့ အချိန်ကို နေ့ရွှေ့ညရွှေ့ပြီး အချိန်မဆွဲပါနဲ့ ။ Customer ရဲ့ အဆင်မပြေမှုကို သေချာရှာဖွေပြီး ဖုန်းဆက်၍ ဖြေရှင်းပါ ။ Complaint ဖြေရှင်းတဲ့ အခါ message ပို့ပြီး ဖြေရှင်းတာက ပိုပြီး အချိန်ကြာစေပါတယ် ။

(၃) Customer တွေရဲ့စကားကို သေချာနားထောင်ပါ
အကြောင်းတစ်ခုခု အတွက် Complaint တက်တဲ့အခါဘာကြောင့် အဆင်မပြေတာလဲ ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ် ။ ဒါကြောင့် ဖုန်းဆက်ဖြေရှင်းတဲ့အခါ Customer တွေရဲ့ အဆင်မပြေမှုကို အဆုံးထိနားထောင်ပြီးမှ မိမိဘက်က ဖြေရှင်းချက်ပေးပါ

(၄) တောင်းပန်ပါ
လုပ်ငန်းရှင် အများစုက ကိုယ့်လုပ်ငန်းရဲ့ အမှားတစ်ခုခုအတွက် ဝန်ခံဖို့ ဝန်လေး တတ်ကြပါတယ် ။ ဒါကြောင့် အမှားတစ်ခုခုအတွက် တောင်းပန်ရမှာ
မကြောက်ပါနဲ့ ။ ဒါပေမယ့် စိတ်မကောင်းပါဘူး၊ တောင်းပန်ပါတယ်ဆိုတဲ့ စကားနဲ့ Customer က ကျေနပ်သွားရုံနဲ့ အဆုံးမသတ်လိုက်ပါနဲ့ ။ Complaint ကို သေချာဖြေရှင်းပေးပြီး နောက်အခုလို မဖြစ်စေရကြောင်းပါ ကတိပေးပြီး တာဝန်ယူပါ ။

(၅) စိတ်ရှည်ပါ
Complain တက်ပြီဆိုရင် ဖြေရှင်းရမှာ စိတ်ညစ်ဖို့ကောင်းပါတယ် ဒါပေမယ့် သင်သိပါလား Customer တစ်ယောက်ရဲ့ Complaint တစ်ခု က သင့် လုပ်ငန်းရဲ့ လိုအပ်ချက်တွေ ပြောင်းလဲပေးနိုင်တယ့် သော့ချက်တစ်ခုဖြစ်ပါတယ်
ဒါကြောင့် Customer တွေရဲ့ Complaint တွေ
ကို လျစ်လျူမရှုပဲ အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့အတူ ဖြေရှင်းခြင်းက Complaint Customer အဖြစ် ကနေ Loyal Customer အဖြစ်သို့ ပြောင်းလဲ ပေးစေနိုင်ပါတယ်…….

ဒီအချက် ၅ ချက် လေးက တစ်ခြားလိုအပ်နေတဲ့ Customer Service လုပ်ငန်း အတွက် အဆင်ပြေတယ်ဆိုရင် Post လေးကို Share ပေးသွားပါဦးနော် 😉😉😉😉

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *