အပြောင်းအလဲမြန်ဆန်လှတဲ့ ဒီနေ့ခေတ်အချိန်အခါမှာ နှေးနေလို့မဖြစ်ပဲ မိမိကပါ ဘယ်လိုလိုက်ပြောင်းလဲရမလဲဆိုတာကို ကြံစည်စဉ်းစားနေရပါမယ်။ အပြောင်းအလဲကြီးမားအရေးပါ မှုတို့ကြောင့် အရာရာကွာခြားသွားမှုကို ပညာရှင်တို့က Quantum Leap (ခုန်ပျံပြောင်းလဲခြင်း) လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ကြီးမားထူးခြားတဲ့ ပြောင်းလဲမှုကြီးတွေ (လူတွေရဲ့ အပြုအမူတွေကို အများဆုံးပြောင်းလဲစေခဲ့တဲ့အရာတွေ) ကတော့ မော်တော်ကား ၊ လေယာဉ်ပျံ ၊ Personal Computer (PC) ၊ dot. com ၊ အင်တာနက်တို့ ဖြစ်ပါတယ်။

အင်တာနက်ခေတ်မှာ ကုန်ရောင်းဖြန့်ဖြူးမယ့် လမ်းကြောင်းကို အလေးထားစဉ်းစားရွေးချယ်ရပါတော့တယ်။ ဒါကြောင့် Channel Management ဟာ အရေးပါတဲ့ စီမံခန့်ခွဲမှုလုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။

ကုန်ရောင်းဖြန့်ဖြူးမှုမှာ စားသုံးသူတွေလက်အရောက် တိုက်ရိုက်ဖြန့်ဖြူးခြင်း၊ အဆင့်ဆင့်ဖြန့်ဖြူးခြင်း၊ လက်လီလက်ကားဖြန့်ဖြူးခြင်းတို့နဲ့ စခဲ့ရပါတယ်။ အရောင်းဆိုင်ခွဲတွေလည်း ထားနိုင်ပါတယ်။ ဒါ့အပြင် စာတိုက်ကနေမှာယူတဲ့ Mail Order စနစ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ကြပါသေးတယ်။ အင်တာနက်က မရှိမဖြစ်တော့သလို အပြောင်းအလဲတွေ များလာပါတယ်။

ဝယ်သူတွေရွေးချယ်နိုင်မှု၊ ဖြန့်ဖြူးရောင်းချမှုနည်းမျိုးစုံကို ဝယ်သူတွေအနေနဲ့ နှစ်သက်သလို အဆင်ပြေသလို သုံးစွဲလာနိုင်ကြပါတယ်။ Multiple Channel အမျိုးမျိုးကို ဝယ်သူတွေက လိုအပ်ချိန် လိုအပ်သလို ဆက်သွယ်အသုံးပြုလာကြပါတယ်။ Channel မျိုးစုံကနေ ဆက်သွယ်နိုင်တဲ့ ဝယ်သူတွေကြောင့် အရောင်းမန်နေဂျာတွေအတွက် မိမိအလိုကျ ဝယ်သူတွေကို ထိန်းထားဖို့ ခက်ခဲလာပါတယ်။ ဖြန့်ဖြူးမှုပုံစံအမျိုးမျိုးကြောင့် စရိတ်တွေလည်း ဒီထက်တက်လာဖို့ ရှိပါတယ်။

ဘဏ်လုပ်ငန်းတွေမှာ ဘဏ်အတွင်း လူချင်းဆက်သွယ်၊ ငွေသွင်းငွေထုတ်လုပ်ငန်းကို လုပ်နိုင်သလို၊ ATM (Automated Teller Machine) တွေနဲ့ ငွေထုတ်ချင်သူတွေလည်းရှိတဲ့အတွက် နှစ်မျိုးလုံးရှိဖို့ စီမံထားရပါတယ်။ Telephone Order တွေနဲ့ အမှာတွေကို ပို့ပေးရတဲ့ Service တွေလည်း ရှိလာပါပြီ။ Multiple Channel ကို ဝယ်သူတွေအနေနဲ့ အလေ့အကျင့်အဖြစ် မျှော်မှန်းလာကြတဲ့အတွက် Multi Channel အရောင်းစနစ်ကို စနစ်တစ်ခုအဖြစ် ဖန်တီးလာကြရပါတယ်။ ဝယ်သူတွေစိတ်ကြိုက် အမျိုးမျိုးရှိဖို့ စီစဉ်ရတဲ့အတွက် ကုန်ကျစရိတ်ကြီးနိုင်တာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဝယ်သူတွေအတွက်လည်း အဆင်ပြေပြီး ကုန်ကျစရိတ်အနေနဲ့လည်း သိပ်မကြီးတဲ့စနစ်ဖြစ်ဖို့ စီမံရပါတယ်။ လက်ရှိအခြေအနေကြောင့် Channel Management စီမံခန့်ခွဲမှုဟာ အရေးပါတဲ့ Issue ဖြစ်လာနေပါတယ်။

အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ ပရိတ်သတ်ကြီးတွေအတွက် အသိပညာနဲ့ ဗဟုသုတရစေမယ့် စီးပွားရေးနဲ့ဆိုင်တဲ့ အကြောင်းအရာ topic လေးတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ စီးပွားရေးဆိုင်ရာ ဗဟုသုတအကြောင်းအရာလေးကို နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *