(ဖတ်ရန်ကြာချိန် 2 မိနစ်)
မြန်မာနိုင်ငံမှာတော့ Unilever လို့ပြောရင် သိပ်တော့မသိကြပေမယ့် သူရဲ့ products တွေကိုတော့ လူတိုင်းသုံးဘူးကြမှာပါ။
Uniliver ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ Lux, Dove, Lifebuoy, Sunsilk, Clear နဲ့ Knorr စတဲ့ Brand တွေဟာ မြန်မာနိုင်ငံရဲ့ အိမ်တိုင်းလိုလိုမှာ ရှိနေတတ်ပါတယ်။
Unilever ဖြစ်ပေါ်လာပုံ အကျဉ်း
Unilever ကို 1930 ခုနှစ်မှာ ဗြိတိန်ရှိ Lever Brothers ဆပ်ပြာကုမ္ပဏီနဲ့ နယ်သာလန်အခြေစိုက် Margarine Unie ဆိုတဲ့အစားအစာကုမ္ပဏီ နှစ်ခု ပေါင်းစည်းပြီးတော့ စတည်ထောင်ခဲ့ပါတယ်
မူလရည်ရွယ်ချက်ကတော့ နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေကို လူတိုင်းအတွက်ရရှိနိုင်စေဖို့ဖြစ်ပြီး ဆပ်ပြာ နဲ့ အစားထိုး ထောပတ် (margarine) ကို အရည်အသွေးမြင့်မြင့် နဲ့ ထုတ်ကုန်တွေကို ရောင်းချချငတဲ့ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာပါ
အချိန်အတန်ကြာပြီးနောက်မှာသာ အစားအစာ၊ personal care, home care တွေပါထုတ်လုပ်ရောင်းချလာပြီး နိုင်ငံပေါင်းများစွာတွင်သက်တမ်းရှိလာကာ ကမ္ဘာတစ်ဝှမ်းမှာ လူသုံးကုန်ပစ္စည်း (FMCG) ဈေးကွက်ကို လွှမ်းမိုးထားသော ကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ပါတယ်
Unilever မြန်မာဈေးကွက်ကို ဘယ်လိုဝင်ခဲ့သလဲ?
1995 မှာစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ထိုခေတ်အခါတည်းက Lux နဲ့ Lifebuoy တို့လို ဆပ်ပြာများတွေက လူကြိုက်များခဲ့ပါတယ်။
ဥပမာ: Lux ဆပ်ပြာဟာ ၁၉၉၀ ပြည့်နှစ်များမှာကတည်းက မြန်မာဈေးကွက်မှာ နာမည်ကြီးခဲ့ပြီး၊ အခုထိ ဈေးကွက်ဦးဆောင်နေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ cosumer market ကို ဘယ်လို လွမ်းမိုးခဲ့လဲ?
Localization (နေရာအလိုက် ဈေးကွက်ရှာတဲ့ ပုံစံ)
Unilever က မြန်မာနိုင်ငံရဲ့ ဝယ်ယူနိုင်စွမ်းနဲ့ အသုံးပြုမှုပုံစံကို လေ့လာပြီး ဈေးနှုန်းသက်သာတဲ့ ထုတ်ကုန်တွေကို မိတ်ဆက်ခဲ့ပါတယ်။
ဥပမာ: Knorr ကြက်သားမှုန့် ကို မြန်မာ တွေ ကြိုက်မယ့် အနံ့အရသာ တွေ ပြောင်းထားတဲ့အပြင် ကျေးလက်နေ လူတန်းစားအပြင် လူတန်းစားအစုံရဲ့ မီးဖိုချောင်တိုင်းမှာ တွေ့ရတတ်တဲ့ ပစ္စည်းဖြစ်လာပါတယ်
Market Segmentation (စျေးကွက်ခွဲခြားတဲ့ ပုံစံ)
Unilever က Distribution မှာ တော်တော်အားသာတယ်လို့ပြောလို့ရပေမယ့် Market Segmentation(စျေးကွက်ခွဲခြားတဲ့ ပုံစံ) ကြောင့် စားသုံးသူဈေးကွက် မှာ ရေရှည်လွှမ်းမိုးထားနိုင်ခဲ့ပါတယ်
၁၀၀ တန် ၊ ၂၀၀ တန် အထုပ်လေးတွေကနေ သောင်းဂဏန်း Product တွေအထိ အခြေခံစျေးကွက် နဲ့ luxury စျေးကွက် နှစ်ခုလုံး ကို target ထားတယ်
Brand Positioning (ဈေးကွက်နေရာယူတဲ့ ပုံစံ)
ဈေးကွက်မှာ နေရာ ယူထားတဲ့ ပုံစံတွေကလည်း Unilever ရဲ့ productတွေ အချင်းချင်း ကို ကွဲထွက်နေအောင်လုပ်ထားတယ်
ဥပမာ ယောကျာ်းလေးသုံး ခေါင်းလျော်ရည်ဆိုတဲ့နဲ့ Clear ကိုပဲ ပြေးမြင်ပြီး premium ကိုယ်တိုက်ဆပ်ပြဆိုတာနဲ့ Lux ကိုပြေးမြင်ကြသလိုပေါ့
ကျွန်တော်တို့လုပ်ငန်းတွေအနေနဲ့ရော ဈေးကွက်မှာ ဘယ်လို ဦးဆောင်ကြမလဲ။ပြိုက်ဘက်တွေကို ဘယ်လို အလဲထိုးကြမလဲ။ ကိုယ့် ပစ္စည်းကောင်းရုံနဲ့ တင် ဈေးကွက်ကို မထိုးဖောက်နိုင်ပါဘူး။ မဦးဆောင်နိုင်ပါဘူး။ ဈေးကွက်မှာ ဦးဆောင်နိုင်ဖို့ဆိုရင် အပေါ်က Unilever သုံးခဲ့တဲ့ Market Segmentation, Brand Positioning တွေကို ကိုယ်ပိုင်ပုံစံ နဲ ဈေးကွက်ဖောက်နိုင်ရပါမယ်။အထူးသဖြင့် ကိုယ့် customer တွေရဲ့ အကြောင်းကို သိနေရပါမယ်။ဒါမှသာလျှင် ဈေးကွက်ကို လွှမ်းမိုးနိုင်လာမှာ ဖြစ်ပါတယ်။
0 Comments