“ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ဖောက်သည်တွေကို ထိန်းထားနိုင်ခြင်းဟာ လုပ်ငန်းတိုးတက်အောင်မြင်စေတယ်” လို့ ပြောကြတာမှန်ပါတယ်။
ကမ္ဘာပေါ်မှာ တိုးတက်အောင်မြင်သွားတဲ့ လုပ်ငန်းတိုင်းဟာ အကျပ်အတည်းကြားမှာ အိုင်ဒီယာကောင်းကောင်းနဲ့ ဖောက်ထွက်နိုင်ခဲ့ကြလို့ပါ..
ကမ္ဘာကျော် Brandဖြစ်တဲ့ Appleရဲ့ iPhoneပဲ ကြည့်ကြည့်ပါ..
သူ့ရဲ့ သစ္စာရှိတဲ့ Customerတွေဟာ ကြားထဲမှာ တခြားဖုန်းတွေ မျိုးစုံထုတ်နေပေမဲ့ လုံးဝမဝယ်ပဲ တစ်နှစ်မှ တစ်ခါအသစ်ထုတ်တဲ့ iPhoneကိုပဲ စောင့်ဝယ်ကြတာ သူ့ရဲ့ CRM ကောင်းလို့ပါပဲ..
ဒါကြောင့် အကျပ်အတည်းတွေကြားထဲမှာ ဖောက်ထွက်နိုင်မယ့်နည်းလမ်းတွေ သုံးပြီး အခွင့်အရေးကို ရယူနိုင်ဖို့ လိုပါတယ်..
အကြံပေးချင်တာကတော့-
📌 အပြင်မှာ ဆိုင်ပိတ်ထားပေမဲ့ လိုင်းပေါ်မှာ ရောင်းနိုင်ရင် ရောင်းပါ
📌 မရောင်းနိုင်ရင် ဒီကာလအတွင်း ဖောက်သည်တွေနဲ့ အဆက်မပြတ်သွားအောင် ကိုယ့်ကုန်ပစ္စည်းအကြောင်း ရှင်းပြပါ၊ knowledge sharingတွေလုပ်ပါ
📌 ဖောက်သည်တွေကို မကြာခင် သူတို့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေတဲ့ပုံပြပါ၊ ဒါမှ ကိုယ့်လုပ်ငန်းကို ယုံကြည်လာမှာ ဖြစ်ပါတယ်..
အခု ဒီနည်းလမ်းတွေ စသုံးဖြစ်နေပြီဆိုရင် အများသိအောင် မန့်ပေးခဲ့နော်.. အတွေ့အကြုံတွေ ဖလှယ်ကြတာပေါ့ 💪💪

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *