စီးပွားရေးတစ်ခု စလုပ်ပြီဆိုရင် တွက်ချက်စရာတွေ အများကြီးရှိပါတယ်..

ကျန်တဲ့အပိုင်းတွေ ခဏထားပါဦး..
ကြော်ငြာတဲ့အပိုင်း၊ ရောင်းတဲ့အပိုင်းမှာတင် ဂရုတစိုက် လုပ်သင့်တာတွေရှိပါတယ်..

ကိုယ့် ကုန်ပစ္စည်းကို ကြော်ငြာမယ်ဆိုရင်တောင် –
(၁) ဘယ်လိုကြော်ငြာမှာလဲ
(၂) ကြော်ငြာစရိတ် ဘယ်လောက်သုံးမှာလဲ
(၃) ဘယ်သူ့ကို ကြော်ငြာမှာလဲ စတဲ့အချက်တွေကို တွက်ဖို့လိုပါတယ်..

အဲ့ထဲမှာမှ ဘယ်သူ့ကို ကြော်ငြာမှာလဲဆိုတဲ့ မေးခွန်းကို လုပ်ငန်းရှင် အတော်များများ မသိကြပါဘူး..

တစ်ချို့က ဖြေကြတယ်.. ဆရာရယ် လူတိုင်းကြော်ငြာမြင်ပြီး လူတိုင်းဝယ်ရင် အကောင်းဆုံးပေါ့တဲ့..

ဟုတ်ပါတယ်.. လူတိုင်းဝယ်ရင် ကောင်းတာပေါ့..
ဒါပေမဲ့ မဝယ်ကြလို့ မရောင်းရတာက အဖြေပဲမလား?

လူတစ်ထောင်ကို ကြော်ငြာပြီး လူဆယ်ယောက်ပဲ ဝယ်တာထက် လူတစ်ရာကိုကြော်ငြာပြီး အယောက် (၃၀) ဝယ်တာက ပိုထိရောက်ပါတယ်..

အဓိကကတော့-
📌 ကိုယ့်ပစ္စည်းကို သုံးမယ့်လူမျိုးကို တိတိကျကျသတ်မှတ်ပါ

📌 သူ့အတွက် ဒီပစ္စည်းက မဖြစ်မနေ လိုအပ်နေပြီဆိုတဲ့အမြင်မျိုး ဖြစ်စေမယ့် ကြော်ငြာတွေဖန်တီးပါ

📌 ကိုယ့်ပစ္စည်းဟာ သူပေးရတဲ့ တန်ဖိုးထက် ပိုတန်ဖိုးရှိကြောင်း၊ ပိုတန်ကြောင်း ကြော်ငြာမှာ မြင်အောင်ပြပါ

ဒါဆိုရင် ကိုယ်ရောင်းမယ့် ပစ္စည်းဖြစ်ဖြစ်၊ ဝန်ဆောင်မှုဖြစ်ဖြစ် အမှန်တကယ်လိုအပ်မယ့် ဝယ်သူတွေဆီ ရောက်သွားမှာပါ..

ဘယ်သူ့ကိုရောင်းရမလဲ ဒီထက်ပိုပြီး တိတိကျကျသိချင်ရင်တော့ MOEရဲ့ သင်တန်းတွေကို လာတက်လိုက်ပါ (ဒါကတော့ ကြော်ငြာပါ) 😃

ဘယ်သူ့ကိုရောင်းရမလဲ သေချာသိသွားတဲ့ လုပ်ငန်းရှင်တွေရှိရင်လည်း ကွန်မန့်မှာ ကိုယ့်အကြောင်း ပြောခဲ့ကြပါဦး

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *