WOM (Word of Mouth) Marketing ဆိုတာတော့ ကိုယ့်ပစ္စည်းနဲ့


ဝန်ဆောင်မှုတွေကို သုံးစွဲတဲ့ သူတွေကစိတ်ကျေနပ်မှုရရှိသွားတယ်
ဒါကို သူတို့သူငယ်ချင်းတွေ မိသားစုတွေကို ဒီလုပ်ငန်းကောင်းကြောင်း
ပြန်ပြောပြ ပေးတယ်ပေါ့ဗျာ.

ဒီက တဆင့်ကိုယ့်လုပ်ငန်းကို လူတွေတစ်ဆင့်နားတစ်ဆင့်ကြားပြီး
လူပိုသိလာစေတဲ့ Marketing မျိုးလို့ပဲပြောလို့ရပါတယ်…

ဒါဆို ဒီနည်းလမ်းကိုဘယ်လိုသုံးရမလဲသိချင်ရင်
အောက်က စာတွေအဆုံးထိဖတ်သွားပါဦး
အရမ်းရိုးရှင်းပါတယ်….

လူအများစုက ပစ္စည်းဝယ်မယ်ရင် ကြော်ငြာတွေထက်
သူတို့ ရဲ့မိတ်ဆွေ နဲ့ ဆွေမျိုးသားချင်းတွေ က

“ဒီပစ္စည်းကတော့ကောင်းတယ် အရမ်းအဆင်ပြေတယ်”
အဲ့လိုပြောသံတွေကြားရတဲ့ အချိန်မှ ကိုယ့် ပစ္စည်းကိုဝယ်ပါတယ်
ဒီလိုကနေသူလည်း သုံးကြည့်တဲ့ အခါအဆင်ပြေတယ်ဆိုရင်
ဒီ ပစ္စည်းလေးဘယ်လောက်ကောင်းကြောင်း ဘယ္လိုအဆင်ပြေပြီး
စိတ်ကျေနပ်ခဲ့ရကြောင်းကို Facebook ™ မှာ Status တင်ပြီးပြောလိုက်တာ
ဖြစ်ဖြစ် မိတ်ဆွေ တွေမိသားစုတွေကို ပြောပြတာပဲဖြစ်ဖြစ်လုပ်ပါတယ်
ဒီလိုနဲ့ သူကနေကိုယ့်လုပ်ငန်းအကြောင်းကြော်ငြာပေးပြီး လူတွေပွားများ
လာတယ်ပေါ့ဗျာ…

မျက်လုံးထဲမြင်မယ်ထင်ပါတယ်နော်…
Customer တစ်ယောက်ကဒီလို ကိုယ့်ပစ္စည်းကို သုံးလိုက်ရလို့ စိတ်ကျေနပ်
မှုရသွားအောင် လုပ်ပေးလိုက်နိုင်တာနဲ့ကိုယ့်ရဲ့ Word of Mouth Marketing
နည်းလမ်းအောင်မြင်သွားတယ်လို့ပြောလို့ရပါတယ်
နောက်ထပ်နည်းလမ်းတခုက ကိုယ့် Customer တွေရဲ့ Feedback ကို
ဂရုတစိုက်နားထောင်ပေးတာပါ…

ကိုယ့်ပစ္စည်းသုံးစွဲသူတွေက သူတို့စကားသံတွေကို နားထောင်ပြီး
အရေးတယူပြင်ဆင်ပေးတဲ့အခါ ကိုယ့်လုပ်ငန်းနဲ့ သူ့ကြား သံယောဇဉ်
ခိုင်မာလာပါတယ်

ဒါဆို သူ့ သူငယ်ချင်းမိတ်ဆွေ တွေ မိသားစုတွေကို
ကိုယ့်လုပ်ငန်း ကို Recommend ပေးဖို့ဝန်မလေးတော့ပါဘူး
မိတ်ဆွေရော ကိုယ့်လုပ်ငန်းအတွက် ဒီ Word of Mouth Marketing
နည်းလမ်းလေးကို အသုံးပြုဖြစ်လား….

ကိုယ့်ဆီကလာဝယ်သွားတဲ့ Customer တွေကိုသူတို့မှန်းထားတာ
ထက်ပိုတဲ့ တန်ဖိုးတွေကိုဘယ်လိုနည်းလမ်းမျိုးတွေနဲ့ပေးဖို့
စီစဉ်ထားလဲဆိုတာ ပြောပြပေးသွားပါဦးခင်ဗျာ..
ဒီ Post လေးကကိုယ့်အတွက် အကျိုးရှိတယ်ဆိုရင်
အခု Post ကိုမြင်သင့်တဲ့ နောက်လုပ်ငန်းရှင်တွေ အတွက်
Share ပေးသွားပါဦးခင်ဗျာ…

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *