Online Promotion လုပ်တဲ့အခါ ကြိုစီစဥ်ထားရမယ့်အချက် ၅ ချက်

အပြင်မှာလဲ Promotion ပွဲတွေ လုပ်သလို Online မှာလဲ Promotion ပွဲတွေလုပ်ပေးပါ။ Promotion လုပ်တဲ့ အခါ အရေးကြီးတဲ့ အခြေခံအချက် ( 5 ) ချက်ကို ပြောပြပေးပါမယ်။

(၁) မကြာခင် ဒီဇင်ဘာလအတွက် Christmas နေ့၊ New Year စတဲ့ နေ့တွေ အတွက် အခုချိန်ကတည်းက Promotion Plan တွေ ကြိုဆွဲထားပါ။

(၂) Content စာတွေ ကြိုပြင်ဆင်ပါ။

(၃) ရာသီအလိုက် ကိုက်ညီမယ့် Design ပုံလေးတွေကြိုရှာထားပါ။

(၄) ရောင်းမယ့် ပစ္စည်းလေးတွေကို ဈေးချိန်ညှိတာမျိုးကို အခုချိန်ထဲက ကြို စီစဉ်ထားပါ။

(၅) Covid 19 ကြောင့် အပြင်မှာ ပွဲတွေလုပ်လို့ မရပေမယ့် online မှာ ကိုယ့်ရဲ့ Customer တွေနဲ့ အတူ ဆင်နွှဲလို့ရမယ့် သူများနဲ့ မတူနဲ့ Promotion ပုံစံလေးတွေ စဉ်းစားပါ။ ရာသီအလိုက် Promotion တွေဆင်းတဲ့ အခါ ကိုယ့်ရဲ့ ပစ္စည်း တွေကို အစီအစဉ် တကျ ကြော်ငြာတတ်ဖို့၊ Promotion ဆင်းတတ်ဖို့ အရေးကြီးပါတယ်။ သေချာအောင် အစီအစဉ် လေး ဆွဲပြီး Promotion လေးလုပ်ရင် ပစ္စည်း တွေလဲ ပိုရောင်းအားကောင်းလာပြီး လူတွေလဲ ပိုစိတ်ဝင်စားလာကြပါမယ်။ မိတ်ဆွေတို့ နောက်လ ရာသီပွဲနေ့တွေအတွက် Promotion အစီအစဉ် လေးတွေ ကြိုဆွဲပြီးသွားကြပြီလား…….

ဒီ post လေးက မိတ်ဆွေတို့ အတွက် အကျိုးရှိတယ်ဆိုရင် တစ်ခြားလိုအပ်နေတဲ့ လုပ်ငန်းရှင်တွေ အတွက်လဲ သိရှိသွားအောင် share ပေးသွားပါဦးခင်ဗျာ

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *