Customer Review တွေက ဘာကြောင့် အရေးကြီးတာလဲ

အွန်လိုင်း မှာ Page ဖွင့်ပြီး online shop တစ်ခုစလုပ်တော့မယ်ဆိုရင် Customer တွေရဲ့ ယုံကြည်မှု ရရှိဖို့ အရမ်းအရေးကြီးပါတယ်။ အွန်လိုင်းပေါ်မှာ စျေးဝယ်တော့မယ်ဆိုရင် 90% သော ဝယ်သူတွေက review တွေကို အရင်ဆုံးလေ့လာဖတ်ကြပါတယ်။
အဲဒီထဲကမှ 88% သော customer တွေက အဲဒီ Review တွေကို ကိုယ်ပိုင် အကြံပြုချက်များကဲ့သို့ ယုံကြည်ကြပါတယ်။

Customer တွေ ပစ္စည်းဝယ်ယူမှုကလဲ ကိုယ့် Page ရဲ့ Review တွေအပေါ်အများကြီး မူတည်ပါတယ်။ မိမိရဲ့ Customer တွေကို အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးခြင်းဖြင့် Customer တွေရဲ့ ရိုးသားသောတုံ့ပြန်ချက်နဲ့ အကြံပြုချက်ပေးရန် အားပေးရပါမယ်။
Review တွေဟာ မိမိရဲ့ customer တွေကို ပိုပြီး နားလည်စေဖို့ ကူညီပေးပါတယ်။ ဒါကြောင့်
မိမိ Page မှာ Review များများရအောင် လုပ်ရမယ့် အချက် (၄) ချက်လေး ပြောပြပေးပါမယ်

(၁) ကိုယ့်ရဲ့ ကုန်ပစ္စည်းအရည်အသွေး မြင့်ကြောင်း သေချာပါစေ။

(၂) Customer Service ပိုင်းကို ဦးစားပေးပါ။

(၃) review တွေကိုတိုက်ရိုက်မေးမြန်းပါ။

(၄) ဝယ်ပြီးသား Customer တွေကို လျစ်လျူရှု မထားပါနဲ့။ မိမိဆီက ဝယ်ပြီးတိုင်း အဆင်ပြေရဲ့လားသဘောကျရင် review လေးပေးပေးပါဆိုပြီး တောင်းပါ။

မိတ်ဆွေတော့ရော Page တစ်ခုအတွက် Review ကအရေးကြီးတယ်လို့ထင်လား။ မိတ်ဆွေတို့ Page အတွက်ရော review လေးတွေ ရအောင်တောင်းပြီး
Page မှာ ပြန်ပြီး Post လေးတွေ တင်ဖြစ်နေပြီလားဆိုတာလေးကို ဒီအောက်မှာ Comment လေးတွေ မန့်သွားခဲ့ပေးဦးနော်

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *