1. Facebook Account ကို ပိုလုံခြုံအောင်ဘယ်လိုလုပ်မလဲ
  2. Facebook အကောင့် ဘယ်လိုဖျက်မှာလဲ
  3. Page Info ဘယ်လိုပြောင်းရမလဲ
  4. Page Username ဘယ်လိုထည့်ရမလဲ
  5. Page Role ဘယ်လိုပေးရမလဲ

1.Facebook Account ကို ပိုလုံခြုံအောင်ဘယ်လိုလုပ်မလဲ

ကျွန်တော်တို့ Facebook ကို Entertainment အတွက်ပဲ ဖြစ်ဖြစ် Business အတွက်ပဲဖြစ်ဖြစ် သုံးနေကြပါတယ်။အဲ့လိုအသုံးနေရင်နဲ့ အရေးကြီးတဲ့ Personal Data တွေ၊ကိုယ့်လုပ်ငန်း page တွေ မသင်္ကာလူတွေ လက်ထဲ ပါမသွားဖို့ အရေးကြီးပါတယ်။ အဲ့လိုမဖြစ်အောင် ပိုလုံခြုံအောင် လုပ်လို့ရမဲ့ နည်း ရှိပါတယ်။ အာ့တာကတော့ Two-Factor Authentication (2FA) နည်းဖြစ်ပါတယ်

  • Facebook Settings>>Password&Security>>Two-Factor Authentication>>Authentication App ကိုရွေးပေးပါ
  • Playstore/Appstore ကနေ Google Authenticator ကို Download ဆွဲပြီး Facebook Account နဲ့ Connect လုပ်လိုက်ရင်ရပါပြီ
  • Account Login လုပ်တိုင်း အပေါ်က Authenticator လေးထဲက Code လေး ထည့်ပေးရပါမယ်။

2. Facebook အကောင့် ဘယ်လိုဖျက်မှာလဲ

တစ်ခါတစ်လေ Social Media ကနေ အနားယူချင်တာတို့၊Account အပြီးဖျက်ခြင်တာတို့ ဆို့ အောက်က နည်းလမ်းလေးအတိုင်းလိုက်လုပ်လို့ရပါတယ်

  • Deactivation: Account ကိုအပြီးပိုင် ဖျက်လိုက်တာမဟုတ်ပဲ ယာယီ နားထားတဲ့ပုံစံပါ။ (Data တွေမပျက်ပါ)
  • Deletion: အကောင့်ကို လုံးဝ အပြီးဖျက်သိမ်းလိုက်တာပါ။

Deactivation သို့မဟုတ် Deletion လုပ်ရန်အတွက် Settings&Privacy > Your Facebook Information > Deactivation and Deletion တွင် သွားပြီး တစ်ခုခုကိုရွေးချယ်လို့ရပါတယ်ဗျ။

3.Page Info ဘယ်လိုပြောင်းရမလဲ

Page Info ဆိုတာကတော့ ယေဘုယျအားဖြင့် ကိုယ့် page ရဲ့ အချက်လက်တွေ ကိုဆိုလိုတာဖြစ်ပါတယ်။Page Info ထဲ ဘာတွေပါလည်းဆိုတော့

  • Profile Picture/Cover Photo
  • Page Bio/Page Category
  • Page ရဲ့ ဖုန်းနံပါတ်/နေရပ်လိပ်စာ

Page info ကို သွားနည်းကတော့ Page ရဲ့ Profile ထဲဝင်ပြီးညာဘက် အပျောက်လေးသုံးပျောက်ကိုနိပ်ပေးပါ>>Edit ထဲဝင်ပြီးပြောင်းလို့ရပါတယ်။

4.Page Username ထည့်နည်း

Username ကတော့ Account name/Page name နဲ့မတူပဲ တစ်ကောင့်ကို တစ်ခုစီပဲရှိတဲ့ Unique ဖြစ်တဲ့ Identifier တစ်ခုဖြစ်ပါတယ်။ Username လုပ်ရတဲ့ အားသာချက်ကတော့ Profile Link or Page Link ထုတ်တဲ့ အခါမှာ random နံပါတ်တွေနဲ့ မဟုတ်ပဲ ကိုယ့်ကိုယ်ပိုင်နာမည်နဲ့ Link ထွက်လာမှာဖြစ်ပါတယ်။

ဥပမာ (https://www.facebook.com/kokyawgyi420)

Username လုပ်နည်းလေးကတော့ Settings>>Settings&Privacy>>Account CentrE>>Profiles>>Username.(Username တူနေတာမျိုးရှိရင် နံပါတ်လေးထည့်ပေးရပါတယ်)

5.Page Role ပေးနည်း

Page Role ဆိုတာကတော့ ကိုယ့် Page မှာ ရာထူးပေးပြီး စီမံခန့်ခွဲခိုင်းတဲ့ပုံစံပါပဲ၊ရာထူးပေးတဲ့ပေါ်မူတည်ပြီး လုပ်ပိုင်ခွင့်တွေပါကွာသွားပါတယ်။

Page Role (5) မျိုးရှိပါတယ်

  1. Admin: Page မှာ အကုန်နီးပါးလုပ်နိုင်ပါတယ်။အခြားသူကို Role ပေးတာ၊ကြော်ငြာ run တာ ကနေ Page Deactivation/Delete ထိလုပ်ဆောင်နိုင်ပါတယ်။
  2. Editor: Post တင်တာ၊Message Reply ပြန်တာလောက်ပဲလုပ်နိုင်ပါတယ်
  3. Moderator: ကြော်ငြာ Run ပြီး ၊ Message Reply ပြန်လို့ပဲရပါတယ်
  4. Advertiser: ကြော်ငြာပဲ Run နိုင်ပါတယ်
  5. Analyst: Page Insight/data တွေ ပဲကြည့်လို့ရပါတယ်

ဒါ့အပြင် Role ကို ကိုယ်ကြိုက်တဲ့ပုံစံ ရွေးပြီးတော့လည်း Custom role သွားလို့ရပါတယ်။

Page Role ပေးနည်းကတော့ Facebook Page>>Settings>>Settings&Privacy>>Page Setup>>Page Access ကိုနိပ် Add New လုပ်ပြီး ပေးလို့ရပါတယ်

ဒီလောက်ဆို လူကြီးမင်းတို့လည်း နည်းပညာ အခက်ခဲအချို့ကို ကိုယ်တိုင်ဖြေရှင်းတတ်လောက်ပြီထင်ပါတယ်နော်

ဖြေရှင်းလို့မရတဲ့ ပြဿနာလေးတွေ၊နောက်တပတ်တင်စေချင်တဲ့ အခက်ခဲလေးတွေရှိရင် Comment မှာရေးထားခဲ့လို့ရပါတယ်ခင်ဗျ

နောက်တပတ်ကျရင် ပြန်တွေကြပါမယ်ခင်ဗျ !!!

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *