စီးပွားရေး လုပ်ငန်းတိုင်း ဘယ်အချိန်ပဲ ဖြစ်ဖြစ် ရောင်းနေရဖို့ မျှော်လင့်ကြပါတယ်။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် ကိုယ့်ပစ္စည်းကို ဝယ်မယ့်သူရှိနေတာက လုပ်ငန်းရှင်တစ်ယောက်အတွက် အရမ်းပျော်ဖို့ကောင်းပါတယ်။

အခြားလုပ်ငန်းတွေမှာ အဲဒီလို ရောင်းအားတွေ ရှိနေရင် အရမ်း အားကျရတယ်… ကိုယ့်နဲ့ လုပ်ငန်းအမျိုးအစားတူရင် မနာလိုတောင် ဖြစ်ရသေးတယ်။

ကိုယ်ကတော့ ရောင်းအားတွေ ထိုးကျနေပေမယ့် ဟိုဘက်လုပ်ငန်းက နေ့တိုင်းပုံမှန်ရောင်းနေရဆဲပဲ သူတို့လိုမျိုး ရောင်းရချင်တယ်ဆရာရေ… ဆိုပြီး လာပြောကြတဲ့လူတွေလည်း ရှိပါတယ်။

အဲ့ဒီနည်းလမ်းလေးကို ဒီနေ့မှာ ပြောပြပေးမှာ ဖြစ်ပါတယ်ခင်ဗျာ…။ “Marketing ဆင်းစရာမလိုပဲ ရောင်းနည်း” လို့ ခေါ်ပါတယ်။

တကယ်တော့ အဲ့ဒီနည်းလမ်းလေးကလည်း Marketing နည်းလမ်းတွေထဲက တစ်ခုပါပဲ။ Branding လို့ ခေါ်ပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ နည်းလမ်းဖြစ်ပါတယ်။

ဥပမာ – အိမ်ဆောက်ပစ္စည်းရောင်းတဲ့ ဆိုင်တစ်ဆိုင် ဆိုပါစို့။ ကိုယ့်လုပ်ငန်းက ဝယ်သူတွေ မေးတဲ့ ပစ္စည်းတိုင်း ရှိတယ်..။ “ဒီပစ္စည်းတော့ မရှိဘူး” ဆိုတာမျိုးမရှိဘူး။ ဝယ်သူတွေ လာမေးတဲ့ အသေးစား ပစ္စည်းလေးတွေက အစ အရမ်းဈေးကြီးတဲ့ ပစ္စည်းအထိ အကုန်လုံး ရှိတယ်။ အဲ့တာဆို ဒီဆိုင်ကို Branding ကောင်းတယ်လို့ သတ်မှတ်လို့ရပါတယ်။

ဘာလို့လဲဆိုရင် ကျွန်တော်တို့ အိမ်မှာ သံလေး၊ တူလေး လိုအပ်တာက အစ… အိမ်ဆောက်ဖို့ ဘိလပ်မြေဝယ်တာ အဆုံး အဲဒီဆိုင်လေးကိုပဲ ခေါင်းထဲမှာ အရင်ဆုံး သတိရနေလို့ ဖြစ်ပါတယ်။ “မနက်ခင်း သောက်စရာတစ်ခုခု” လို့ ဆိုလိုက်ရင် လက်ဖက်ရည်၊ ကော်ဖီ၊ သို့မဟုတ် ရေ ကိုပဲ လူတိုင်းပြေမြင်ကြတာပါပဲ။ ဘယ်သူမှ အိပ်ယာက နိုးနိုးခြင်း မကျည်းဖျော်ရည် မသောက်ချင်ကြပါဘူး။ ဒါပေမယ့် ပူအိုက်ပြီး ချွေးတလုံးလုံးနဲ့ မောနေရင်တော့ “မကျည်းဖျော်ရည်” ကို သတိရချင် ရပါလိမ့်မယ်။

ဘယ်လိုအချိန်မှာ ကိုယ့်လုပ်ငန်း နံမည်ကို လူတွေ သတိရကြမလဲဆိုတာကို “ကိုယ် ကိုယ်တိုင်လုပ်ရမှာဖြစ်ပါတယ်”

အဲ့လို လုပ်ခြင်း နည်းလမ်းကိုပဲ Branding လို့ ခေါ်ကြပါတယ်။

  • ကိုယ့်လုပ်ငန်းက ဘယ်တော့မှ Delivery ပို့တာ မနောက်ကျဘူးဆိုတာမျိုး….
  • ကိုယ့်လုပ်ငန်းက ဘယ်တော့မှ ပစ္စည်းအနာအဆာတွေ မရောင်းဘူးဆိုတာမျိုး…
  • ကိုယ့်လုပ်ငန်းက ဘယ်တော့မှ Customers ကို ဒေါသထွက် စိတ်ဆိုးသွားအောင် မလုပ်ဘူးဆိုတာမျိုး…
  • ကိုယ့်ဆိုင်က ဘာပဲမှာမှာ အမြဲတမ်းရတယ်ဆိုတာမျိုး…
  • ကိုယ့်ဆိုင်က ရေသန့်ကို အလကားတိုက်တယ်ဆိုတာမျိုး…
  • ကိုယ့်ဆိုင်က ၁ သောင်းဖိုးပြည့်တိုင်း မုန့်တစ်ခု လက်ဆောင်ပေးတယ်ဆိုတာမျိုး….

ကိုယ့်လုပ်ငန်းကို ကိုယ်သတ်မှတ်ချင်တဲ့ တန်ဖိုးနဲ့ သတ်မှတ်ထားပါ။ ပြီးရင် အဲဒီ တန်ဖိုးကိုလည်း လိုက်နာပါ။ သတ်မှတ်လိုက်တာကတော့ ဘယ်သူဖြစ်ဖြစ် ရေတိုက်တဲ့ဆိုင် ဆိုတာမျိုး ဖြစ်ပြီး…. နွမ်းပါးနေသူတစ်ယောက် လာတဲ့အခါ ရေတောင်မတိုက်ပဲ မောင်းထုတ်လိုက်တာမျိုးတော့ လုပ်လို့မရပါဘူး။ ကိုယ့်လုပ်ငန်းက ဘယ်လိုရပ်တည်ချက်နဲ့ နေထိုင်တယ်ဆိုတာကို ကိုယ်တိုင်လည်း လုပ်ပြရမှာဖြစ်သလို… လူအများကိုလည်း သိအောင် ပြောပြပေးရမှာဖြစ်ပါတယ်…။

အဲ့လို Branding အားကောင်းတယ်ဆိုရင် ကြော်ငြာတွေလုပ်စရာမလိုပဲနဲ့ ရောင်းအားတွေ ပုံမှန်ပဲရှိနေစေမှာဖြစ်ပါတယ်ခင်ဗျာ…။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *