ကိုယ်လုပ်ငန်းရဲ့ Private Phone Number (သို့) Page Messenger မှာ ကုန်ပစ္စည်းတစ်ခုအကြောင်းကို မေးခွန်းလေးတွေမေး၊အချက်အလက်တွေမေး၊ စျေးနှုန်းတွေမေး သိလိုသမျှကို သေချာရှင်းပြ (သို့) ပြောပြ ပြီးမှ နောက်မှပြန်ဆက်သွယ်လိုက်ပါ့မယ် ဆိုပြီး Reply မပြန်တာမျိုးတွေ၊ ပြန်ဆက်သွယ်ခြင်းမရှိတဲ့ Customer တွေကို အနည်းနဲ့အများတော့ကြုံဖူးကြမှာပါ
ဒါဆိုရင် ဒီလိုမျိုးလေးတွေ မဖြစ်ရအောင် ကိုယ့်ဘက်ကဘယ်လိုပုံစံနဲ့ရောင်းသင့်လဲ?
📌ပထမဦးဆုံးအချက်ကတော့ သူတို့ရဲ့ အချက်အလက်ဆိုင်ရာမေးခွန်းများကို အရင်မဖြေပဲ သူတို့အမှန်တကယ်လိုအပ်တဲ့အရာကိုမေးခြင်းဖြစ်ပါတယ်။ဒါမှသာသူတို့အတွက် ဘယ်လိုကုန်ပစ္စည်းကအသင့်တော်ဆုံးလဲဆိုတဲ့ အဖြေကို သိရှိပြီး အမှန်တကယ်လိုအပ်တဲ့အရာကိုဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။
📌နောက်တစ်ချက်ကတော့ Review ပါ။ ဘာလို့လဲဆိုတော့ တစ်ခြားတစ်ယောက်က ဒီ ကုန်ပစ္စည်းဟာကောင်းတယ် ၊ ဒီကုန်ပစ္စည်းကြောင့်ဘာတွေပြောင်းလဲသွားတယ် ဆိုတဲ့ Feedback တွေကို ပြသနိုင်မှသာ ထိုကုန်စ္စည်းကိုလူအများကစိတ်ဝင်စားကြမှာဖြစ်ပါတယ်။ဒါကြောင့် ကိုယ်ဆီကနေဝယ်ယူလိုက်တဲ့ Customer တွေရဲ့ Feedback လေးတွေကို ပြသနိုင်မှသာ ထိုကုန်ပစ္စည်းအပေါ်စိတ်ဝင်စားမှုမြင့်တက်လာစေပြီး ထိုကုန်ပစ္စည်းကို ရွေးချယ်ဖို့ စဉ်းစားကြပါလိမ့်မယ်
🕋လူကြီးမင်းတို့ရဲ့ Online Business မှာရော ထိုအခက်အခဲလေးတွေ နဲ့ကြုံဖူးကြလားဗျာ?
ကြုံဖူးရင် ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာ Comment မှာ ပြောပြပေးသွားပါ့ဦးနော်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *