အွန်လိုင်းလုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့် Page မှာဖြစ်ဖြစ် ဆိုင်မှာဖြစ်ဖြစ် လူတွေ အဓိက မဝယ်ရတဲ့ အကြောင်းအရင်းက ကိုယ့်လုပ်ငန်းကို ယုံကြည်မှု မရှိလို့ပါ ကိုယ့် ပစ္စည်းကို သူတို့လိုချင်တယ် ဝယ်မယ်လို့ ဆုံးဖြတ်ထားရင် တောင် သူတို့ စိတ်ထဲမှာ သံသယ တွေရှိနေတတ်ပါတယ်… “ဂျင်းဖြစ်နေမလား” “ဈေးများနေလား” “ဝယ်ပြီးမှ အသုံးမတည့်ရင်ဘာဖြစ်မလဲ” စသင့်ဖြင့်ပေါ့ဗျာ.. ဒါဆို သူတို့သံသယ စိတ်တွေကိုဖယ်ရှားပြီး သူတို့ ဝယ်ချင်အောင် ကိုယ့်လုပ်ငန်းကို ယုံကြည်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ? မိတ်ဆွေ ရောဘယ်လိုဖြေရှင်းလဲ ဆိုတာ comment မှာရေးသွားပေးပါဦး ကျွန်တော်ကတော့ နည်းလမ်းလေး ၅ ခုဝေမျှပေးချင်ပါတယ်

၁။ အထောက်အထားပြပါ

===============

ကျွန်တော်တို့ လုပ်ငန်းခွင်ဝင်တဲ့အခါ Certification တွေ လိုသလိုမျိုး ကိုယ့် လုပ်ငန်းမှာလည်း လူတွေ ယုံကြည်နိုင်တဲ့ အထောက်အထားမျိုး တွေ ပြပေးဖို့လိုပါတယ်.. ဥပမာ – ကိုယ့်ဆေးဝါးကတော့ FDA အသိအမှတ်ပြုရထားပါတယ်.. ကိုယ့်ဆိုင်က ဘယ်နှစ်ခုနှစ်ထဲက တည်ထောင်ထားခဲ့ပါတယ်.. ဘယ်အဖွဲ့အစည်းက အသိအမှတ်ပြုထားပါတယ်.. ဒီလိုမျိုးအထောက်အထားတွေက ကိုယ့် လုပ်ငန်း ယုံကြည်မှုရဖို့အတွက် တွန်းအားတစ်ခုဖြစ်ပါတယ်

၂။ Customer Review

=================

ကိုယ့် customer တွေရဲ့ review တွေကို ထိထိရောက်ရောက် အသုံးပြုပါ အခုခေတ်မှာ လုပ်ငန်းတိုင်း Page တိုင်းမှာ review တွေရှိပါတယ်.. လူတွေက ဒါတွေရင်မခုန်တော့ပါဘူး သူတို့ကိုပိုပြီး အသေးစိတ်ကျတဲ့ review ပြပေးဖို့လိုပါတယ် ဉပမာ – MOE သင်တန်းအရမ်းကောင်းပါတယ် တက်ကြည့်ပါဆိုရင် လူတွေစိတ်မဝင်စားပါဘူး အဲ့ဒီအစား သင်တန်းတက်ပြီးတစ်ကယ်လိုက်လုပ်သူတွေပြောတဲ့ သင်တန်းကနည်းတွေ လိုက်လုပ်တာ ၆လအတွင်း၂ဆ တစ်ကယ် ရလာတယ် ဆိုတဲ့ review မျိုးတွေကိုသာလူ တွေက ပိုမြင်တတ်ကြပြီး ပိုယုံကြည်ပါတယ် ဒါဆို ဒီလိုအသေးစိတ် review တွေရဖို့ ဘာလုပ်ရမလဲဆိုရင် အကောင်းဆုံးနည်းလမ်းက ကိုယ့် customer ကိုမေးပါ များများမေးလေ အသေးစိတ်ကျတဲ့ review တွေထွက်လာပါမယ်

၃။ တိကျတဲ့ နံပါတ်တွေကိုဖော်ပြပေးပါ

=======================

MOE မှာဆိုရင် ၃ နှစ်အတွင်း သင်တန်းသားပေါင်း ၁၀၀၀၀ ကျော်ရှိကြောင်း ကြော်ငြာတွေ Video တွေ မှာထည့်ရေးလေ့ ပြောလေ့ရှိသလို ကိုယ့်လုပ်ငန်းမှာလည်း ၅ နှစ်အတွင်းဆိုင်ခွဲပေါင်း ၈ ခုရှိကြောင်း ဝယ်ယူသုံးစွဲသူ ၁ သန်း ရှိပြီး နိုင်ငံ ပေါင်း ၃၀ ထိဖြန့်ဝေလျှက်ရှိကြောင်း စတဲ့ နံပါတ်တွေက ကိုယ့် လုပ်ငန်းကို လူတွေယုံကြည်လာဖို့ တွန်းအားတစ်ခုဖြစ်စေပါတယ်…

၄။ အပြောမဟုတ်ပဲ သက်သေပြရမယ်

======================

ခုနက ကျွန်တော်တို့ ပြောခဲ့သလို customer review တွေ ထောက်အထား တွေ နံပါတ်တွေ တစ်ကယ်ရှိကြောင်းကို မြင်သာအောင်လည်းပြထားရပါမယ် ကျွန်တော်တို့ ဆိုင်ခွဲတွေရှိတယ်ဆို ပုံတွေနဲ့မြင်သာအောင်ပြရမယ် ဒီပစ္စည်းကိုသုံးရင် အလုပ်ဖြစ်တယ်ဆိုတာ Video နဲ့ဖြစ်ဖြစ် အပြင်မှာ လက်တွေ့ဖြစ်ဖြစ် ပြပေးရမယ်.. ဒီလိုကိုယ်ပြောထားတဲ့ စကားတွေကို အလုပ်နဲ့ပါ သက်သေပြနိုင်တဲ့ အခါလူတွေ ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှုက အရမ်းကိုမြင့်မားလာပါတယ်

၅။ customer စိုးရိမ်စိတ်ကိုလျော့ချပေးပါ

==========================

customer စိုးရိမ်စိတ်ကို ဘယ်လိုလျော့ချရမလဲ? ကျွန်တော်တို့ MOE မှာဆိုရင် သင်တန်းတွေကိုတက်ကြည့်ပြီး သင်ထားတဲ့ အတိုင်းလိုက်လုပ်လို့ ၆လအတွင်း ၂ဆမရရင် ငွေပြန်အမ်းပေးတဲ့ အပြင် အချိန်ကုန်တဲ့အတွက်ပါ အားနာလို့အပို ထပ်ဆောင်းပေးတာမျိုးလုပ်ပေးပါတယ် ဒါ ကျွန်တော်တို့ ကိုယ်ရောင်းတဲ့ ဝန်ဆောင်မှုသို့မဟုတ် ကုန်ပစ္စည်း အပေါ် မှာဘယ်လောက်ယုံကြည်မှုရှိကြောင်းပြတာပါ customer စိတ်ထဲမှာ စိုးရိမ်စိတ်လေးလျော့သွားပြီး သူ့မှာ အရှုံးမရှိဘူး ဆိုတာလေးတွေးမိတယ်ဆို လည်း ကိုယ့်ပစ္စည်းကို ဝယ်ဖို့ ဝန်မလေးတော့ပါဘူး တခြားလုပ်ငန်းတွေအနေနဲ့လည်း ရက် ၃၀ အတွင်း ငွေပြန်အမ်းပေးတာ…အာမခံပေးတာမျိုးတွေ လုပ်လို့ရပါတယ်…

မေးစရာတစ်ခုရှိတာ က ဒါဆိုလူတွေက ကိုယ်ရောင်းတဲ့ ပစ္စည်းအလုပ်ဖြစ်သွား ရင်တောင် ပိုက်ဆံအမ်းဖို့လာတောင်းမှာပေါ့ လို့ပြောရင် ဒါအရမ်းရှားပါတယ်…

၁၀၀ မှာ ၁ ယောက်သာဖြစ်နိုင်ပါတယ် လူတွေက သဘောကောင်းကြပါတယ် ၁၀၀ လောက်ရောင်းရလို့ ကိုယ့်အတွက် ၁ ခုလောက် ဆုံးရှုံးသွားတာ မပြောပလောက်ပါဘူး

ကဲ.. ဒါဆို အတွေးအမြင်သစ်လေးတွေရသွားမယ်ထင်ပါတယ် ကိုယ့်အတွက် ဒီ Post လေးကအကျိုးရှိတယ် တစ်ခြားသူတွေပါ အကျိူးရှိအောင် share သွားပေးပါဦးခင်ဗျာ…

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *