ကိုယ့်ရဲ့ ဘဏ္ဏာရေးအခြေအနေကို သဘောပေါက်နားလည်ခြင်းဟာ ငွေလည်အောင်လုပ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ကိုယ့်ရဲ့ ဘဏ္ဏာရေးအခြေအနေကို ကျွမ်းကျင်ပိုင်နိုင်ထားမှသာ မမျှော်လင့်ဘဲ တင်လာနိုင်တဲ့ကြွေးမြီတွေကို ရှောင်ရှားနိုင်မှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့ဖို့ ကြိုတင်စုဆောင်းနိုင်မှာပါ။ ဒါကြောင့် ဘဏ္ဏာရေးဆိုင်ရာမှာ ကောင်းကောင်းစီမံနိုင်ဖို့ နည်းလမ်းတချို့ကို မျှဝေချင်ပါတယ်။

(1) စာရင်းအင်းပိုင်းဆိုင်ရာမှာ သေချာစီမံပါ။ စာရင်းအင်းပိုင်နိုင်တဲ့သူတစ်ယောက်ယောက်ငှားတာမျိုး accounting software ဝယ်သုံးတာမျိုး လုပ်သင့်ပါတယ်။ ကိုယ်ရဲ့ ဝင်ငွေထွက်ငွေစာရင်းကို အမြဲစစ်နေဖို့ကလည်း အရေးကြီးပါတယ်။

(2) ကုန်ကျငွေတွေအားလုံးကို သေချာဆန်းစစ်ပါ။ အသေးစားကုန်ကျစရိတ်အားလုံးကို သေချာမှတ်သားထားတာဟာ ပိုက်ဆံကုန်သွားတဲ့အခါတောင်မှ တည်တည်ငြိမ်ငြိမ် စဉ်းစားချင့်ချိန်နိုင်မှာပါ။

(3) ဘဏ္ဏာရေး အစီအစဉ်တွေဆွဲပါ။ လုပ်ငန်းပိုင်းဆိုင်ရာမှာ အစီအစဉ်တွေ သေချာဆွဲဖို့ဟာ အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်သလို နောင်တစ်ချိန်မှာဖြစ်လာနိုင်မယ့် အခက်အခဲတွေကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်ဖို့လည်း အကူအညီပေးပါတယ်။

(4) ပိုက်ဆံတောင်းဖို့ ဝန်မလေးပါနဲ့။ ကိုယ့်ရဲ့ service ဒါမှမဟုတ် ကုန်ပစ္စည်းတစ်ခုခုရောင်းပြီးချိန်မှာ ငွေတောင်းခံလွှာပို့ဖို့ မနှောင့်နှေးပါနဲ့။ ငွေကို ဘယ်နှရက်အတွင်းတောင်းမယ်ဆိုတာ စာချုပ်ချုပ်ဆိုထားသင့်ပါတယ်။ ဒါမှသာ မေ့တာမျိုး ပျောက်ရှတာမျိုးတွေ မဖြစ်မှာပါ။ ကိုယ်ပေးပို့ထားတဲ့ ငွေတောင်းခံလွှာတွေအတွက်လည်း follow up လုပ်ဖို့မမေ့ပါနဲ့။ ပြီးရင် ငွေတောင်းခံလွှာ အမှတ်စဉ်ကို မှတ်သားထားပါ။

(5) business နဲ့ပတ်သက်တဲ့ bank account တစ်ခုသပ်သပ်ထားပါ။ Personal နဲ့ business bank account ကို တစ်ခုတည်းထားတာဟာ နောက်ပိုင်းမှာ မဖြေရှင်းနိုင်တဲ့ ကုန်ကျမှုတွေ အခွန်ပြဿနာတွေ တက်လာနိုင်ပါတယ်။ Business account တစ်ခု သပ်သပ်ထားလိုက်ခြင်းအားဖြင့် အမြတ်အစွန်းတွေကို လွယ်လွယ်ကူကူခန့်မှန်းနိုင်မှာဖြစ်သလို ကုန်ကျစရိတ်တွေကိုလည်း သေချာတွက်ချက်နိုင်မှာပါ။

(6) လုပ်ငန်းနဲ့ပတ်သက်တဲ့ ချေးငွေတွေကိုလည်း သေချာမှတ်သားပါ။ သင့်ရဲ့ business က ပိုက်ဆံဝင်ပြီဆိုတာနဲ့ ချေးငွေကို အရင်ဆပ်ပြီးမှ ကျန်တဲ့အခွန်အခတွေကို ပေးဖို့စဉ်းစားပါ။

(7) ကိုယ့်အတွက်ကိုယ် အခကြေးငွေပြန်ပေးဖို့လည်း မမေ့ပါနဲ့။ ဝင်သမျှငွေအားလုံးကို သုံးပြစ်ဖို့ပြောတာတော့မဟုတ်ပါဘူး။ အမြတ်အစွန်းငွေရဲ့ 10% လောက်ကို သုံးသင့်ပါတယ်။ ဒါမှသာ ကျန်တဲ့ငွေကို မပျောက်မပျက်ထားနိုင်မှာဖြစ်ပြီး နောက်ဆုံးကျန်မယ့်အမြတ်အစွန်းကို သေချာသိနိုင်မှာပါ။ ဒါကလည်း မမျှော်လင့်တဲ့ အသုံးစရိတ်တွေကို ကာကွယ်နိုင်မယ့်နည်းတစ်မျိုးပါပဲ။

(8) ချွေတာစီစစ်ပါ။ သင့်ဘာသာ ဘယ်လောက်အကုန်အကျခံနိုင်နေပါစေ လုပ်ငန်းကရတဲ့ အမြတ်အစွန်းငွေတွေကိုတော့ အကုန်မသုံးမိပါစေနဲ့။ ကိုယ့်အတွက် အသုံးစရိတ်ကို တတ်နိုင်သလောက်လျော့ချထားပြီး အစိုးရကို မဖြစ်မနေပေးရမယ့် အခွန်အခတွေအတွက်ပဲ သုံးပါ။

(9) ခရီးစရိတ်ကို တတ်နိုင်သမျှ နည်းပါစေ။ hotel ခတွေ ခရီးအသုံးစရိတ်တွေဟာ ကုန်ကျခံရတာများသလောက် ပြန်ရမယ့် အကျိုးအမြတ်ကနည်းပါတယ်။ ဇိမ်ခံပစ္စည်းတွေအတွက် ပိုက်ဆံသိပ်မသုံးပါနဲ့။ အလုပ်ကိစ္စခရီးတွေထွက်တဲ့အခါ သင်ကိုယ်တိုင်အိတ်စိုက်ရမယ်လို့တွေးပြီး အစီအစဉ်ဆွဲပါ။

(10) ဥပဒေပိုင်းဆိုင်ရာအတွက် အခကြေးငွေတွေကိုလည်း သေချာစီမံကိုင်တွယ်ပါ။ ရှေ့နေရှေ့ရပ်တွေ ငှားတဲ့အခါမျိုးမှာ သင့်ရဲ့ လိုအပ်ချက်တွေကို သေချာရှင်းလင်းပြောဆိုထားပါ။ သင့်ရဲ့ business နဲ့ အဆင်ပြေမယ့် ငွေပေးချေမှုစနစ်ကို ရွေးပါ။ ဥပမာ – project အလိုက် ငွေပေးချေတာမျိုး နာရီအလိုက်ငွေပေးချေတာမျိုးပါ။

(11) ရိုးရှင်းလွယ်ကူတဲ့ ကိစ္စတစ်ချို့မှာ စာရွက်စာတမ်းတွေကို ကိုယ့်ဘာသာစီစဉ်ပါ။ အများစုကို online ကနေတဆင့် လေ့လာနိုင်ပါတယ်။

(12) လုပ်ငန်းတိုးချဲ့တော့မယ်ဆိုရင် သတိထားပါ။ တည်တည်ငြိမ်ငြိမ် ပါးပါးနပ်နပ်နဲ့ တိုးချဲ့နိုင်ပါစေ။ ပိုက်ဆံတွေအများကြီးသုံးပြီး ခပ်လောလော တိုးချဲ့လုပ်ကိုင်တာတွေဟာ အန္တရာယ်များလွန်းပါတယ်။

(13) အများနဲ့ဆက်ဆံရေးနည်းဗျူဟာတွေ marketing နည်းဗျူဟာတွေမှာ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်အောင်မြင်နိုင်ဖို့ သေချာအာရုံစိုက်ပါ။

(14) ဝယ်မယ့်အစား ငှားရမ်းဖို့ကို ဦးစားပေးပါ။ဒီနည်းလမ်းကြောင့် ထိန်းသိမ်းမှုစရိတ်တွေ လျှော့ချနိုင်မယ့်အပြင် တစ်ကြိမ်တစ်ခါပဲလိုတဲ့ ပစ္စည်းအတွက် ပိုက်ဆံအများကြီးကုန်ကျတာမျိုးကလည်း ကာကွယ်နိုင်ပါတယ်။ ရုံးခန်းကအစ ငှားရမ်းတာမျိုးဟာ နောင်နေရာပြောင်းချင်တဲ့အခါမျိုး လုပ်ငန်းချဲ့ချင်တဲ့အခါမျိုးမှာ အဆင်ပြေမှာပါ။

(15) ချေးငွေချေးဖို့ကို အချိန်ဆွဲမနေပါနဲ့။ တချို့က ငွေရေးကြေးရေး အရမ်းကြပ်တည်းလွန်းနေမှ ချေးငွေချေးဖို့လုပ်တတ်ကြပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ်အဆင်ပြေနေတဲ့ အချိန်မျိုးမှာ ကြိုချေးငွေတင်ဖို့ အစီအစဉ်ဆွဲပါ။ ဒီချေးငွေကို အရေးပေါ်ကိစ္စတွေ လုပ်ငန်းတိုးချဲ့တဲ့နေရာတွေမှာ သုံးနိုင်ပါတယ်။

(16) ရံပုံငွေ အလုံအလောက်ရှိဖို့ သေချာပါစေ။ လုပ်ငန်းအသေးစားတွေဟာ အစပိုင်းမှာ ရံပုံငွေ မလုံလောက်တတ်ကြပါဘူး။ ဒါမျိုးကို ကာကွယ်ဖို့အတွက် သုံးလလောက် နေထိုင်စရိတ်ကို ချွေတာပြီး သုံးလစာ ရံပုံငွေ စုဆောင်းဖို့ကြိုးစားပါ။ အစပိုင်းမှာ ဝင်မယ့်ငွေကို သိပ်မမျှော်လင့်ပါနဲ့ဦး။

(17) မလောပါနဲ့။ Business card တွေလုပ်တာမျိုး marketing တွေ အလွန်အမင်းလုပ်တာမျိုးနဲ့ တခြား business လိုအပ်ချက်တွေကို ကမန်းကတန်းဖြည့်ဆည်းဖို့ မကြိုးစားပါနဲ့။ ဒါတွေကြောင့် အစပိုင်းမှာ ဝင်ငွေလည်ပတ်မှုကို အဟန့်အတားဖြစ်စေပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ စီးပွားရေးဆိုင်ရာ ဗဟုသုတအကြောင်းအရာလေးကို နှစ်သက်တယ်ဆိုရင် နောင်မှာဘယ်လိုအကြောင်းအရာမျိုးတွေကို ပိုပြီးဖတ်ချင်ကြသလဲဆိုတာ comment မှာ ရေးပေးခဲ့ပါခင်ဗျာ။ မိတ်ဆွေတို့အတွက် လိုအပ်မယ့်၊ အကျိုးရှိမယ့်အကြောင်းအရာတွေကို ကျွန်တော်တို့ MOE က အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *