ကြော်ငြာတစ်ခုဖန်တီးတဲ့အခါမှာ ကိုယ့်ရဲ့ Product ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက် အသုံးဝင်တယ်ဆိုပြီးတော့ Marketing Message တွေ ပေးလေ့ရှိကြတယ်။ ဒါပေမဲ့ အဲ့ဒီမှာ တော်တော်များများ မေ့နေကြတာက Emotional Benefit ပဲ…

စီးပွားရေးမှာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာတွေကို ဖြစ်အောင်ဖန်တီးပြသွားတဲ့ နည်းလမ်းတစ်ခုရှိတယ်

အဲ့ဒါကတော့ လူတွေရဲ့ Emotion ကို ထိအောင် ပြောတတ်ဖို့ပါပဲ

“De Beers ဖန်တီးခဲ့တဲ့ ဇာတ်လမ်းတစ်ခု”

၁၉၄၇ ခုနှစ်က De Beers ဆိုတဲ့ ကုမ္ပဏီကြီးဟာ ” စိန်တစ်ပွင့် က ထာဝရခံတယ် ” (A Diamond is Forever) ဆိုတဲ့ ကြော်ငြာကမ်ပိန်း နဲ့ လူတွေရဲ့ Emotion ကို ထိအောင် လုပ်ခဲ့တယ်

အဲ့ဒီအချိန်မတိုင်ခင်က ကျွန်တော် တို့ အာရှ မှာ မပြောနဲ့ အနောက်တိုင်းမှာတောင် စိန်လက်စွပ်နဲ့ လက်ထပ်တယ်ဆိုတဲ့ ဓလေ့ သိပ်မရှိသေးဘူး

De Beers က “သင့်အချစ်က ထာဝရလား? ဒါဆို မပျက်စီးနိုင်တဲ့ စိန်နဲ့ သက်သေပြပါ” ဆိုတဲ့ Message နဲ့ လူတွေရဲ့ Emotion တွေ ကို ထိအောင် ရိုက်ခဲ့တယ်

ဒါ့အပြင် “လက်ထပ်မယ့် စိန်လက်စွပ်တစ်ကွင်းရဲ့ တန်ဖိုးဟာ သင့်ရဲ့ နှစ်လစာနဲ့ ညီမျှသင့်တယ်” ဆိုတဲ့ စကားကိုပါ ဖန်တီးပြီး “ဘယ်လောက်ချစ်ကြောင်း ၊ ဘယ်လောက် commitment ရှိကြောင်း” ပြသချင်တဲ့ လူတွေရဲ့ Emotion ကို ထပ်မံဆွဲဆန်ခဲ့တယ်

ရလဒ်အနေနဲ့

  • ၁၉၄၀ မှာ စိန်လက်စွပ်နဲ့ တင့်တောင်းခံရတဲ့ အမျိုးသမီးဦးရေ ၁၀% ပဲရှိရာကနေ
  • ၁၉၉၀ မှာ ၈၀% အထိ တိုးတက်လာခဲ့တယ်
  • ၁၉၃၉ ကနေ ၁၉၇၉ အထိ အမေရိကန်မှာ စိန်ရောင်းအား ဒေါ်လာ ၂၃ သန်းကနေ ၂.၁ ဘီလီယံအထိ ခုန်တက်သွားတယ်

ဒါဟာ Emotion ကို ထိမှန်စွာ အသုံးချတဲ့ ကြော်ငြာရဲ့ စွမ်းအားပါပဲ

ကျွန်တော်တို့ လုပ်ငန်းရှင်တွေအနေနဲ့ De Beers ရဲ့ နည်းဗျူဟာကနေ ဘာတွေယူလို့ ရမလဲ

” ဖောက်သည်တွေရဲ့ Emotion ကို နားလည်အောင် လုပ်ရမယ် “

  • သူတို့ဘာကို လိုချင်လဲ?
  • သူတို့ဘာကို ကြောက်နေလဲ?
  • သူတို့ဘာနဲ့ ဂုဏ်ယူချင်ကြလဲ?

” Storytelling သုံးရမယ် “

  • “ဒီပစ္စည်းက ဘယ်လောက်ကောင်းတယ်” ဆိုတာထက်
  • “ဒီပစ္စည်းကြောင့် တခြားသူတွေ ဘယ်လိုပျော်ရွှင်သွားလဲ ၊ ဘယ်လို တန်ဖိုးထားခံရတယ်” ဆိုတဲ့ ဇာတ်လမ်းတွေကို ပြောပြရမယ်

” တန်ဖိုးကို Emotion နဲ့ ချိတ်ဆက်တယ် “

  • De Beers က “စိန်လက်စွပ်ဟာ သင့်အပေါ်ထားတဲ့ အချစ်ရဲ့ တန်ဖိုး” လို့ ချိတ်ဆက်ခဲ့တယ်
  • ဒါကြောင့် ကိုယ့်ထုတ်ကုန်ကို customers တွေအတွက် “ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း” တစ်ခုအဖြစ် ချိတ်ဆက်နိုင်ရင် ပိုထိရောက်မယ်

နောက်ဆုံး ပြောရရင် လက်ထပ်တာ နဲ့ စိန်လက်စွပ်နဲ့ ဘာမှတော့ မဆိုင်ပါဘူး
ဒါပေမယ့် De Beers က သူ့ရဲ့ ကြော်ငြာ ကမ်ပိန်းနဲ့ လူတွေရဲ့ တန်ဖိုးထားဆုံးအရာတစ်ခု ကိုချိတ်ဆက်ပြီး Emotion ကို ထိထိမိမိ အသုံးချနိုင်ခဲ့လို့ လက်ထပ်တာ နဲ့ စိန်လက်စွပ်ကို တွဲမြင်နေကြတာပါ

ကျွန်တော်တို့လည်း ကိုယ့်လုပ်ငန်းမှာ Emotional Benefit ကို ထည့်သွင်းစဉ်းစားရင် ပိုပြီး ထိရောက်တဲ့ Marketing ဖြစ်လာမှာပါ

မြန်မာနိုင်ငံမှာလည်း သီတင်းကျွတ်ကို လက်ဆောင်ခြင်းလေးတွေ နဲ့ Emotion တွဲခဲ့ကြသလို အခြား မြင်မိ ၊ သတိထားမိတဲ့ ဓလေ့ လေးတွေရှိရင်လည်း မန့်ခဲ့ကျပါဦးဗျ

#weddingring #debeers

#MOEContentGroup

#၆လ၂ဆ

#MyanmarOnlineEntrepreneur_MOE

#LeaderInOnlineBusiness

0 Comments