Page တစ်ခုကို စီးပွားရေးအဖြစ် အသုံးပြုသလို လူတွေကို ကူညီပေးဖို့လဲ အသုံးပြုပေးပါ ။ Page အများစုက ပုံမုန်ဆို အရောင်းပို့စ်တွေပဲ ထင်ထားကြတာများပါတယ် ။

ဘယ်ပစ္စည်း က ဘယ်လောက်ဈေးနှုန်း ၊ ဘယ်နှစ်ရက် စောင့်ရပါမယ်ဆိုတဲ့ ပို့စ်မျိူးတွေက ကြာလာတဲ့ အခါ ကိုယ့်ရဲ့ page ကို Customer တွေ ဝင်ကြည့်ဖို့ ငြီးငွေ့ လာတတ်ကြပါတယ် ။

ဒါမှမဟုတ် Page မှာ အရောင်းပို့စ်တွေ အပြင် Knowledge, Fun
ပို့စ်တွေ တင်ပေမယ့် Engagement သိပ်မရဘူးဆိုတဲ့ သူတွေ အတွက် ဒီ အချက် လေး (၅) ချက်ပြောပြပေးချင်ပါတယ်
(၁) ကိုယ့်ရဲ့ Customer တွေကိုသိရပါမယ်
ကိုယ့်ရဲ့ Customer တွေရဲ့ အကြိုက်ကိုလိုက်ဖို့ နည်းလမ်းတစ်ခုတည်းသုံးရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး ။ ဒါကြောင့် Customer တွေကိုလေ့လာဖို့ လိုအပ်ပါတယ် ။ သူတိူ့ဘာလိုအပ်တယ် ဘာကြိုက်တတ်တဲ့ ဆိုတာလေး ကို လေ့လာပြီး ဗဟုသုတ ပို့စ်လေးတွေ Fun ပို့စ်လေးတွေ တင်ပေးပါ
(၂) Post ကို အချိန်နဲ့ တင်ပါ
Content ရေးပြီးတဲ့ အချိန်တင်လိုက်မယ်ဆိုတာမျိုးထက် ဘယ်နေ့ ဘယ်ချိန်မှာ ဘယ် ပို့စ်တင်မယ်ဆိုတာလေးကို အချိန်အတိအကျထားပြီး တင်ပါ ။
ကိုယ့်ရဲ့ Customer အများစု အွန်လိုင်းပေါ်မှာ ရှိတဲ့ အချိန် ကို ရွေးပြီး ပို့စ်တင်ပေးပါ ။
(၃) Video တင်တာ သို့မဟုတ် Live လွှင့်ပါ
Video တွေဟာ ဓာတ်ပုံထက် ပိုပြီး လူစိတ်ဝင်စားမှုကို ပိုမိုရရှိပါတယ် ။ အခုနောက်ပိုင်း ဖုန်းနဲ့တင် Viedo ရိုက်လို့ ရနေပြီ မို့လို့
ကိုယ့်ရဲ့ ကုန်ပစ္စည်းလေးကို Video ရိုက်ပြီး တင်ပေးခြင်းက
Customer တွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိစေပါတယ် ။
အခုနောက်ပိုင်း Live လွှင့်ခြင်းက အရမ်းခေတ်စားလာပါတယ် ။ ဟုတ်ပါတယ် Live လွှင့်ခြင်းရဲ့ အကျိုးကျေးဇူးကတော့ ကိုယ့်ရဲ့ Page ကို Customer က ပိုပြီး ယုံကြည်မှုရစေတဲ့ အပြင်
customer တွေနဲ့ ပိုကောင်းမွန်တဲ့ ဆက်သွယ်မှုတစ်ခု
ဖြစ်စေပါတယ် ။
ဒါကြောင့် ဖြစ်နိုင်ရင် တစ်ပတ် ၂ ခါလောက် Live လွှင့်ပေးပါ ။
(၄) Page Story တင်ပါ
Facebook စဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ မျက်လုံးထဲ အရင် ဆုံး မြင်ရတာက Story ပါပဲ ။ Newfeed ကြည့်ရင်း ပျင်းလာရင် Story ထဲ ဝင်ကြည့်ကြပါတယ်
အဲဒါကြောင့် မိမိရဲ့ ကုန်ပစ္စည်းလေးတွေကို ၂၆ စက္ကန့်စာ video လေးဖြစ်စေ ဓာတ်ပုံဖြစ်စေ နေ့တိုင်း တင်ပေးထားမယ်ဆိုပါက ကိုယ့်ဆီ Customer အသစ်တွေရဲ့ စိတ်ဝင်စားမှုပါရရှိနိုင်ပါတယ်
(၅) Comments တွေကို စာပြန်ပါ
နောက်ဆုံးတစ်ချက်အနေနဲ့ Comment တွေကို စာပြန်ပေးခြင်းက အရေးကြီးပါတယ်
ရောင်းဖို့အတွက်ပဲ messenger မှာ စာမပြန်ပါနဲ့ ။
Comment မှာ စာပြန်ပေးချင်းက customer တွေနဲ့ ပိုပြီး ရင်းနှီးစေပါတယ် ။
Comment မှာ ပိုမြန်ဆန်အောင် စာပြန်ခြင်းက
ကိုယ့်ရဲ့ လုပ်ငန်းကို customer က ပိုနှစ်သက်ယုံကြည်မှုရှိစေပါတယ်
ဒါကြောင့် အခြေခံကျတဲ့ ဒီနည်းလေး (၅) ချက်ကို သိလိုက်ရလို့ တဲ့ အတွက် မိတ်ဆွေတို့ အတွက် အကျိုးရှိသွားမယ်လို့ ထင်ပါတယ်ခင်ဗျာ ။ တခြားလိုအပ်နေတဲ့ လုပ်ငန်းရှင်တွေ အတွက်လဲ သိရအောင် ပြန် Share ပေးသွားပါဦးနော်

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *