Reverse Marketing ဆိုတော့ ပြောင်းပြန် Marketing နည်းလမ်း
လားဆိုတော့ ဟုတ်ပါတယ် ဒါဆို ဒီ ပြောင်းပြန်
Marketing နည်းလမ်းက ဘယ်မှာသုံးရတာလဲ သိချင်ရင်
‌အောက်မှာ စာကိုဆက်ဖတ်သွားပေးပါဦးခင်ဗျာ…
ကျွန်တော်တို့ Facebook ™ မှာ ကိုယ်ရောင်းချင်တဲ့ ပစ္စည်း
တခုခုကို စာရေးပြီး post တင်တဲ့အခါ
ဥပမာ – ထိုင်းကထုတ်ထားတဲ့ အသားဖြူ cream လေး
တွေ Page မှာဝယ်ယူရရှိနိုင်ပါပြီဆိုပြီးရေးလိုက်ကြတယ်
ဒီလိုပြောရောင်းတာ မှားလားဆိုတော့ မမှားပါဘူး
ဈေးကွက်မှာ ထိုင်းကထုတ်တဲ့ အသားဖြူ‌ဆေးရောင်းတဲ့
သူက ကိုယ်အပါအဝင်လက်ချိုးရေလို့ရတယ်ဆိုရင်
ရောင်းရမှာပါ….
ဒါက Direct Marketing ပါ
ဒီလိုမှမဟုတ်ပဲ နဲ့ ကိုယ့်လို လိုက်ရောင်းတဲ့သူတွေပေါလာပြီ
သူတို့လည်းကိုယ့်လို လိုက်ပြောရောင်းနေပြီဆိုရင်တော့
Direct Marketing နည်းလမ်းကိုသုံးလို့မရတော့ပါဘူး
ကျွန်တော်တို့ ခေါင်းစဉ်မှာ ပြောထားတဲ့ Reverse Marketing
နည်းလမ်းကိုသုံးရပါမယ်…
ဒါဆို ပြောင်းပြန် ပြန်ကြည့်ရတတ်ပါမယ်
ဒီလူက အသားဖြူ cream ဘာလို့ဝယ်ချင်တာလဲ
အသားဖြူချင်လို့လား မေးရင် ဟုတ်ချင်ဟုတ်ပါလိမ့်မယ်
ဒါပေမယ့် ထပ်တွေးရအောင်
သူအသားဖြူလာလို့ ဘာအကျိုးရလာမှာလဲ?
သူငယ်ချင်းတွေကြားထဲမှာ မျက်နှာပန်းပွင့်ချင်တာလား
အသားညှိလို့မလိုက်ဖက်တဲ့ အဝတ်တွေ ရှိတဲ့အတွက်
ဘာဝတ်ဝတ်လှနေချင်တာလား
သူငယ်ချင်းတွေက လှလိုက်တာလို့ချီးမွမ်းခံချင်တာလား
ဒါတွေကသူ ဒီအသားဖြူ cream ကိုသုံးလိုက်လို့ရလာမယ့် ရလာဒ်ပါ
လူတွေက အသားဖြူ cream လိမ်းချင်တာမဟုတ်ပါဘူး
အသားဖြူလာပြီးတော့ ဆက်ဖြစ်လာမယ့် ရလာဒ်ကိုလိုချင်တာပါ
ဒါဆိုရင် ကိုယ်က ပစ္စည်းတစ်ခုခုရောင်းတော့မယ်ဆို
ဝယ်သွားတဲ့သူ ကိုယ့်ပစ္စည်းကိုသုံးလိုက်လို့ နောက်ဆုံးရလာမယ့်
ရလာဒ်အထိပါကြိုတွေးထားဖို့လိုပါတယ်
ဒါဆို သူတို့ရလာမယ့်ရလာဒ်ကို သိပြီဆိုရင် ခုနက
Reverse marketing ကိုသုံးလို့ရပါပြီ
နောက်ဆုံးကနေပြောင်းပြန်ပြန်တွေးပြီးတော့ခုနက
အသားဖြူ cream ကိုပဲ
အပြင်ထွက်တာနဲ့လူတကာ ကိုယ့်ကို ငေးနေရလောက် အောင် ဖြူဝင်းတဲ့အသားအရည်ပိုင်ဆိုင်ချင်တယ်ဆိုရင်
ဘာအဝတ်အစား ဝတ်ဝတ် ကိုယ်နဲ့လိုက်ဖက်နေနိုင်မယ့် အသားအရည်မျိုး လိုချင်တယ်ဆိုရင်
ကိုယ့်အသားအရည်ကို ဖြူဖွေးဝင်းပနေတော့ သူငယ်ချင်းတွေကြားမှာမျက်နှာပန်းလှနေပြီပေါ့
ဒီလိုဖြူဖွေးတဲ့အသားအရည် ရနိုင်ဖို့အတွက် ထိုင်းကထုတ်လုတ်ထားတဲ့
အသားဖြူ cream လေးရှိပါတယ်..
ဘေးထွက်ဆိုးကျိုးလဲမရှိတဲ့အတွက် စိတ်ချယုံကြည်စွာသုံးလို့ရပါတယ်
စသဖြင့်ပေါ့ဗျာ…
မျက်လုံးထဲမြင်မိမယ် ထင်ပါတယ်နော်…
အခုဒီစာလေးကိုဖတ်ပြီးလို့
ကိုယ် Direct Marketing ပဲသုံးနေတယ်ဆို
အပြောင်းအလဲ အနေနဲ့ Reverse Marketing ကိုပြောင်းသုံးကြည့်ပါ
ကိုယ့် ပစ္စည်းကိုသုံးလိုက်လို့နောက်ဆုံး ရလာဒ်ကဘာဖြစ်မလဲဆိုတာလဲ
သိလောက်မယ်ထင်ပါတယ်နော်….
အခုဒီ Post လေးက မိတ်ဆွေ အတွက်တန်ဖိုးရှိသွားမယ္ထင်ပါတယ်
ဒါကြောင့်တစ်ခြားသူတွေပါ ဖတ်ဖြစ်သွားအောင် ဒီ Post လေးကို
Share ပေးသွားဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ…

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *