လုပ်ငန်းတစ်ခုစဖို့အတွက် Perfect Timeမလိုပါဘူး
ငွေကြေးအရင်းအနှီးရှိတဲ့ မိတ်ဆွေတွေတစ်ချို့ ပြောတာ ကြားဖူးကြမှာပါ..
“ဒီလုပ်ငန်း စလုပ်ချင်နေတာ၊ ဒါပေမဲ့ကွာ ဒီထက် ပိုရင်းနိုင်အောင် ခဏစောင့်လိုက်ပါဦးမယ်” စတဲ့ လက်လျှော့သွားတဲ့အသံမျိုးတွေ ကြားဖူးပါလိမ့်မယ်..
အဲ့လို ဆုံးဖြတ်လိုက်တဲ့အတွက် လတ်တလော သူအမြတ်ရဖို့သေချာနေတယ့် စျေးကွက်ကြီးက သူများဆီပါသွားပါပြီ..
နောက်လူက ဦးသွားမှာပါ..
ဒါကြောင့် လုပ်ငန်းတစ်ခု စလုပ်ချင်ပြီဆိုရင် ပြီးပြည့်စုံမယ့်အချိန်ကို မစောင့်ပါနဲ့..
အနည်းဆုံး ကိုယ့်ကုန်ပစ္စည်းနမူနာကို စျေးကွက်ထဲမှာ ချပြနိုင်အောင် ကြိုးစားကြည့်ပါ..
နည်းလမ်းမှန်မှန်ကန်ကန်နဲ့ ကြော်ငြာပါ..
ဖောက်သည်တွေ စိတ်ဝင်စားလာပြီဆိုရင် မကြာခင် ကိုယ့်လုပ်ငန်းလေးက လုပ်ငန်းကြီးဖြစ်လာဖို့ သေချာနေပါပြီ..
အကြီးကြီးတွေ ရဖို့ အသေးလေးတွေကနေ အရင်စလုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်..
ကိုယ့်ဆီမှာရော အဲ့လို အတွေ့အကြုံမျိုးတွေရှိရင် ကျန်တဲ့သူတွေကိုလည်း မျှဝေပေးခဲ့ပါဦး 👍
0 Comments