လူအတော်များများက Branding လို့ပြောလိုက်ရင် ကြော်ငြာဖို့၊ ကြော်ငြာစရိတ် ဒီလိုနားလည်ကြတာ များပါတယ်..
ထိုက်သင့်သလောက်တော့ မှန်ပါတယ်.. Branding ဆိုတာ ကိုယ့်လုပ်ငန်းကို လူပိုသိလာအောင် ပုံရိပ်မြှင့်ပေးရတာကို ဆိုလိုပါတယ်.. ဒီတော့ သူ့ထဲမှာ အသုံးစရိတ်ကလည်း ပါလာမှာပါ..
ဒါပေမဲ့ စရိတ်ထက် နည်းစနစ်ကျရင် ပိုထိရောက်တာ သဘာဝကျလို့ Brandingနဲ့ ပက်သက်တဲ့ နည်းလမ်း (၇)ချက်ကို မျှဝေလိုက်ပါတယ်..
📌 ဝယ်နိုင်ခြေရှိတဲ့ ဖောက်သည်အမျိုးအစားကို အတိအကျသတ်မှတ်ပါ.. တိကျလေ ပိုကောင်းလေပါပဲ..
📌 ဖောက်သည်တွေကြိုက်မယ့် ဝိသေသတစ်ခုခုကို ကြော်ငြာတွေမှာ ထည့်သုံးပါ.. (ဥပမာ- လူငယ်ဖောက်သည်တွေဆိုရင် လူငယ်ကြိုက် ပေါ့ပေါ့ပါးပါးအသုံးအနှုန်းတွေ သုံးတာမျိုး၊ သက်ကြီးရွယ်အိုတွေအတွက်ဆို လေးလေးနက်နက် အသုံးအနှုန်းတွေ သုံးတာမျိုးသုံးပါ
📌 ကိုယ့်ဖောက်သည်တွေ ကြိုက်မယ့် Postများများတင်ပါ.. တစ်ချို့ ပို့စ်တွေက ပေါက်တယ်၊ မပေါက်ဘူးစတဲ့ တိုင်းတာမှုတွေရှိပါတယ်.. ပေါက်သွားတဲ့ပို့စ်မျိုးတွေ့ရင် ဘာလို့ပေါက်လဲ လေ့လာဆန်းစစ်ပြီး အလားတူပို့စ်တွေ ဆက်တင်သွားပါ..
📌 Blog, Groupတွေထောင်ပါ.. တစ်ခါတစ်လေ ကိုယ့်ဖောက်သည်တွေက ကိုယ့်ကို ပစ္စည်းအကြောင်း ပြောချင်ပေမဲ့ ဖုန်းဆက်ဖို့၊ Page messenger ကနေပြောဖို့ မရဲတာတွေရှိတတ်ပါတယ်.. အဲ့လိုမဖြစ်အောင် Blogတွေ Groupတွေထောင်ပြီး သူတို့အသံကို နားထောင်ပေးပါ
📌 Review ကောင်းလေးတွေရအောင် ကြိုးစားပါ.. ဖောက်သည်တွေအကြံပေးတာတွေ နားထောင်ပြီး လုပ်ပေးလို့ရတာ ချက်ခြင်းလုပ်ပေးလိုက်ပါ.. မရသေးရင်လည်း မကြာခင် လုပ်ပေးမယ်၊ အဆင်ပြေစေရမယ်ဆိုတဲ့ အာမခံချက်မျိုးပေးနိုင်ရင် ဖောက်သည်တွေ စိတ်ချမ်းသာပြီး အမြင်ကြည်လာမှာပါ
📌 တခြား Brandနဲ့ ပါတနာတွဲလုပ်ရင် ကိုယ့်ဖောက်သည်တွေ လက်ခံနိုင်မယ့် Brand ဖြစ်ဖို့လိုပါတယ်.. ဥပမာ- ကိုယ်က ဖက်ရှင်အဝတ်အစားတွေရောင်းပြီး သူက ချိတ်တို့ ထမီတို့ဦးစားပေးရောင်းရင် ဖောက်သည်အမျိုးအစားချင်း မတူတဲ့အတွက် ထိရောက်မှုမရှိပါဘူး
📌 ဖောက်သည်တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံလို့ အကောင်းဆုံးက Liveပါ.. Liveမှာ အပြန်အလှန်ပြောရင်း ဖောက်သည်တွေနဲ့ တသားတည်းဖြစ်လာပြီး ကိုယ့်လုပ်ငန်းရဲ့ ပုံရိပ်လည်း အများကြီး ပိုကောင်းလာနိုင်ပါတယ်
ဒီအချက်တွေကတော့ Branding လွယ်လွယ်လုပ်နိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်.. တစ်ချို့လည်း လုပ်နေကြသလို တစ်ချို့လည်း မသိသေးတာတွေရှိပါတယ်..
မိတ်ဆွေတို့ရဲ့ ဒီအချက်တွေအပေါ် အမြင်တွေကိုရေးပြီး share ပေးပါဦး ခင်ဗျ..
0 Comments